အာဆင်နယ်တိုက်စစ်မှူးဟောင်း မာလန် နဲ့ ဆန်ချိုတို့ကိုလဲလှယ်ပြီး ငွေဖြုန်းတီးမှုမလုပ်ဖို့ မန်ချက်စတာယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဒွိုက်ယော့

ဒွိုက်ယော့က မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဂျေဒွန်ဆန်ချို နဲ့ ဒေ့ါမွန်တိုက်စစ်မှုး ဒွန်ရယ်မာလန် တို့ အလဲအထပ် လုပ်သွားဖို့ ရှိနေတဲ့ကိစ္စအပေါ် သတိပေးမှုလုပ်သွားခဲ့ပါတယ်။ ဆန်ချိုဟာ အဲရစ်တန်းဟတ်ရဲ့ ဆက်ဆံရေး ဆိုးရွားနေတာကြောင့် ဇန်နဝါရီမှာ အိုးထရပ်ဖို့ဒ် ကနေ အငှား ဒါမှမဟုတ် အပြီးထွက်ခွာသွားဖို့ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ယူနိုက်တက်ဟာ နွေရာသီက အတ္တလန်တာကနေ ပေါင် ၇၂ – သန်းနဲ့ ပြောင်းလာခဲ့တဲ့ ရက်စ်မက်စ်ဟွိုင်လန်းရဲ့ ၀န်ထုပ်၀န်ပိုးကို လျော့ချရန် ဇန်နဝါရီမှာ တိုက်စစ်မှုးတစ်ဦး ခေါ်ယူဖို့ရည်ရွယ်နေပါတယ်။ ရပ်ဖို့ဒ်နဲ့ မာစီရယ် တို့ကလည်း ဒီရာသီမှာ ပုံစံကောင်း မပြသနိုင်တာကြောင့် ယူနိုက်တက်ဟာ လက်ရှိမှာ စတုဂတ်နဲ့အတူ ခြေစွမ်းပြနေတဲ့ ဂီရာဆီကိုချိတ်ဆက်နေပါတယ်။

စတုဂတ်က သူတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကို ဆောင်းရာသီမှာ လက်လွှတ်ပေးရန် ဆန္ဒမရှိတာကြောင့် ယူနိုက်တက်ဟာ နောက်ထပ် option ထပ်ရှာနေပြီး ဒေါ့မွန်ရဲ့ မာလန် နဲ့ ဆန်ချို တို့ကို အလဲအလှယ် လုပ်သွားရန် ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ မာလန်ဟာ PSV မတိုင်မီ အာဆင်နယ်မှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

အသက် ၂၄ -နှစ်အရွယ် မာလန်ဟာ ဒေါ့မွန် အတွက် ဘွန်ဒက်လီဂါ ၆၂ -ပွဲမှာ ၁၈ ဂိုးသာသွင်းပေးခဲ့သူ ဖြစ်ပြီး ဒွိုက်ယော့က ဟော်လန်လက်ရွေးစင်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ် ဂိုးမိုးခေါင်နေမှုရဲ့ အဖြေမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ယော့က “ကျွန်တော် ဒွန်ရယ်မာလန်ရဲ့ ကစားပုံကို သိပ်မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူဟာ ဘွန်ဒက်လီဂါမှာ ဂိုးအနည်းငယ် သွင်းယူထားတာကိုတော့ သိပါတယ်။ သူ့ရဲ့ အရည်အသွေးကို ဆုံးဖြတ်ဖို့အတွက် ကျွန်တော် လုံလုံလောက်လောက်တော့ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ သူဟာ အဆင်ပြေတဲ့ ကစားသမား ဖြစ်မယ့်ပုံပါပဲ။

ယူနိုက်တက်အနေနဲ့ အသင်းကိုတိုးတက်စေမှာမဟုတ်တဲ့ ကစားသမားတွေအတွက် ပိုက်ဆံထပ်ဖြုန်းလို့ မရနိုင်ပါဘူး။ တစ်ယောက်ယောက်ကိုမခေါမီ ဒါကို အရင်ဦးဆုံးစဉ်းစားရမှာပါ။ အကယ်၍ သူတို့အားဖြည့်မယ့် ကစားသမားက သူကစားတဲ့နေရာမှာ အသင်းကို တိုးတက်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအတိုင်းပဲ ဆက်သွားနေမှာပါ။ ဘာမှ မထူးပါဘူး။

ယူနိုက်တက်ဟာ ကလပ်ရဲ့ ဖိအားကိုခံနိုင်ပြီး အသင်းကို နိုင်ပွဲတွေရအောင် ကူညီပေးနိုင်မဲ့သူတွေကို ခေါ်ယူရန်လိုပါတယ်။ ကျန်ကစားသမားတွေ ကစားပုံမကောင်းရင်တောင် ကောင်းကောင်းကစားနိုင်မယ့်သူမျိုးပေါ့။ ဒီလူစာရင်းမှာတော့ ကျွန်တော်တို့ ဒါကို မတွေ့ရပါဘူး။ မက်တိုမီနေး တစ်ယောက်လောက်ပဲ အဆင်ပြေပါတယ်။

ကစားသမားကောင်းတွေဆိုတာ အသင်းကအခြေအနေ မကောင်းရင်တောင် ပွဲတွေကိုလွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ လက်ရှိ လူစာရင်းမှာတော့ ဒီလို ကစားသမားတွေမရှိဘဲ အားလုံး ပြိုပျက်လွယ်ပါတယ်” လို့ ဆိုလိုက်ပါတယ်။

Source : pulsesports.ng : metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဂျေဒွန်ဆန်ချို #ဒွန်ရယ်မာလန် #ဒွိုက်ယော့ #မန်ချက်စတာယူနိုက်တက် #အဲရစ်တန်းဟတ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *