ယူနိုက်တက် ကစားသမားတွေဟာ တန်ဟတ်ကို ဆန့်ကျင်နေကြပြီလို့ ပြောလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဟိုဆေးအင်းနရစ် ကတော့ အေဂျက်ဇ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အဲရစ်တန်ဟတ် ဟာ မန်ချက်စတာနိုက်တက်မှာ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းဟာ သူ့ကိုအသင်းမှာဆက်ထားခဲ့ရင် ရေရှည်စီမံကိန်းကြောင့်ပဲဖြစ်နိုင်လိမ့်မယ်လို့ထင်ကြောင်း၊ သို့မဟုတ်ပါက သူဟာ ဒီရာသီကုန်အထိ အသင်းမှာဆက်ရှိနေမှာမဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။

“အဲရစ်တန်ဟတ် ဟာ ဒီရာသီကို မန်ချက်စတာယူနိုက်တက်အသင်းမှာ ကုန်ဆုံးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့မထင်မိပါဘူး။ အကယ်လို့ သူတို့သာ တန်ဟတ် ကို အသင်းမှာဆက်ထားရင် ရေရှည်စီမံကိန်းကြောင့် ၊ တန်ဟတ်က အသင်းကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့်ပဲ ဖြစ်နေပါလိမ့်မယ်”

“ဒါပေမဲ့ အသင်းမှာရှိနေကြတဲ့ ကစားသမားအများစုက သူ့ကိုဆန့်ကျင်နေကြပါပြီ။ ရာဖေးလ် ဗာရန်း က သူ့ကိုဆန့်ကျင်နေပါပြီ။ ပြီးတော့ အတိတ်တုန်းက ဆန်ချို ၊ အန်တိုနီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့အပေါ် တန်ဟတ်ရဲ့ ဆက်ဆံရေးလည်းမပြေပြစ်ခဲ့ပါဘူး”

“ဒါတွေ အားလုံးကအချိန်တိုအတွင်းဖြစ်ပွားခဲ့တာပါ ။ သူဟာ အသင်းကိုကိုင်တွယ်တာလည်းမကြာခဲ့သေးဘူးလေ။ သူဟာ အဝတ်လဲခန်းကို မပိုင်နိုင်တော့ဘူးလို့ ထင်မိပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ဘယ်အချိန်အထိ ဆက်ထားမလဲကျွန်တော်မသိပါဘူး”

” ဒါ့အပြင် ဒီရာသီ သူတို့တွေ ထိပ်သီး (၄) သင်း စာရင်းထဲဝင်နိုင်ဖို့ အခွင့်အလမ်းရှိတယ်လို့လည်း ကျွန်တော်မမြင်ပါဘူး။ ကစားသမားတွေကတော့ ကွင်းထဲဝင်ပြီးကြိုးစားကြဦးမှာပါ။ ဒါပေမဲ့ နည်းပြကို နှစ်သက်တဲ့ကစားသမားတွေပဲ အစွမ်းကုန် ကြိုးစားပေးကြတာလေ ”

“ကစားသမားဆိုတာက သူတို့ ကိုယ်တိုင်ထက် နည်းပြနဲ့ ပရိသတ်တွေအတွက် အနိုင်ကစားပေးချင်ကြသူတွေပါ ။ ဒါပေမဲ့ မန်ချက်စတာမှာ အဲ့လိုအနေအထား ရှိနေတယ်လို့မထင်မိပါဘူး။ ကစားသမားတွေက တန်ဟတ် ထွက်သွားရင်တောင် ပိုပျော်နေကြမှာပါ၊ သူတို့ အခြားလူကို လိုချင်နေကြတာပါ ။ တန်ဟတ် က မှန်ကန်တဲ့ နည်းပြလို့ သူတို့လက်ခံချင်ပုံ ပေါ်မနေပါဘူး။ သူဟာ အဝတ်လဲခန်းထဲ ကစားသမားအများစုရဲ့ ထောက်ခံမှုကို ရနေတယ်လို့ မထင်မိပါဘူး” လို့ အင်းနရစ် က ပြောလိုက်တာပဲ ဖြစ်ပါတယ်။

Source : dazn.com : mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အဲရစ်တန်ဟတ် #မန်ချက်စတာနိုက်တက် #ကစားသမားတွေကဆန့်ကျင်နေကြပြီ #အဝတ်လဲခန်း #ဟိုဆေးအင်းနရစ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *