ချန်ပီယံဖြစ်မဲ့ အသင်းကို ခန့်မှန်း တွက်ချက် ပေးလိုက်တဲ့ စူပါကွန်ပျူတာ

၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်‌‌ပေါ်အပြီး ချန်ပီယံဖြစ်မဲ့အသင်းကို ခန့်မှန်းတွက်ချက်ပေးလိုက်တဲ့ စူပါကွန်ပျူတာ

ယူရို ၂၀၂၄ -ပြိုင်ပွဲ ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဟန်ဂေရီ ၊ စကော့တလန် ၊ ခရိုအေးရှား ၊ အယ်ဘေးနီးယား ၊ ဆားဘီးယား ၊ ယူကရိန်း ၊ ပိုလန် ၊ ချက် အသင်း ၈ -သင်း ကတော့ အိမ်ပြန်သွားရပြီဖြစ်ပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်ကို အုပ်စုပထမရ အသင်း ၆ သင်း ၊ အုပ်စု ဒုတိယ အသင်း ၆ သင်း ၊ အကောင်းဆုံး အုပ်စု တတိယ ၄ သင်း တို့ တက်ရောက်လာကြတာဖြစ်ပြီး ပွဲစဉ်ဇယားအရ စပိန် ၊ ဂျာမနီ ၊ ပြင်သစ် ၊ ပေါ်တူဂီ ၊ ဘယ်ဂျီယံ တို့ဟာ လမ်းကြောင်း တစ်ဖက်တည်းကျရောက်နေပါတယ်။

နာမည်ကြီး အင်္ဂလန် ၊ လက်ရှိ ချန်ပီယံ အီတလီ တို့ကတော့ လမ်းကြောင်း အနည်းငယ်ချောင်နေတာကို တွေ့ရပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်‌တွေအဖြစ် စပိန် နှင့် ဂျော်ဂျီယာ ၊ ဂျာမနီ နှင့် ဒိန်းမတ် ၊ ပေါ်တူဂီ နှင့် ဆလိုဗေးနီးယား ၊ ပြင်သစ် နှင့် ဘယ်ဂျီယံ ၊ ရိုမေနီးယား နှင့် နယ်သာလန် ၊ ဩစတီးယား နှင့် တူရကီ ၊ အင်္ဂလန် နှင့် ဆလိုဗက်ကီးယား ၊ ဆွစ်ဇာလန် နှင့် အီတလီ တို့ ကစားကြမှာ ဖြစ်ပါတယ်။

လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ရုန်းကန်နေရပေမဲ့ Opta ရဲ့ စူပါကွန်ပျူတာ ခန့်မှန်းမှုမှာတော့ အင်္ဂလန်က ရေပန်းအစားဆုံးအသင်း အဖြစ် ရှိနေဆဲပါ။ Three Lions တို့ဟာ ဗိုလ်စွဲဖို့ 19.98 % အထိ ရှိနေပြီး ကွာတားဖိုင်နယ် ရောက်ဖို့ 81.63% အထိ ရှိပါတယ်။

အင်္ဂလန် ရဲ့ နောက်မှာတော့ စပိန် က 17.17 % နဲ့ ရှိနေပြီး ဂျာမနီ က 15.83 % ၊ ပြင်သစ် က 13.40% နဲ့ အသီးသီး ရှိနေကြပါတယ်။ အဆိုပါ အသင်းလေးသင်းရဲ့ နောက်မှာတော့ ပေါ်တူဂီ ၊ နယ်သာလန် ၊ အီတလီ ၊ ဩစတီးယား တို့က အစဉ်လိုက်ရှိနေကြပါတယ်။

Source: theanalyst.com

#jdbkx.net #ခရစ်ဆပ်တန် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *