ဆရာကြီးတွေကို မြင်တွေ့ရဖို့ ရှိနေတဲ့ အသက် ၃၅+ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး

ဒီနွေမှာတော့ အင်္ဂလန်မြေမှာ အသက် ၃၅ – နှစ်နဲ့ အထက်ရှိကြတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ကျင်းပသွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာတော့ ဘောလုံးသမိုင်းကြောင်းရဲ့ ခမ်းနားလွန်းတဲ့ ကစားသမားတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ ဖီဖာကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးကြတဲ့ အင်္ဂလန် ၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အီတလီ ၊ စပိန် ၊ ဥရုဂွေး တို့ ၈- သင်း ပါဝင် ယှဉ်ပြိုင်သွားကြဖို့ အစီအစဉ်တစ်ခု ဆွဲထားတယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲကိုတော့ Elite Player Group (EPG) မှ ဦးဆောင်ကာ ကျင်းပသွားကြမှာဖြစ်ပြီး အဲ့ဒီထဲမှာတော့ ထိပ်တန်း ကစားသမားဟောင်းတွေ ၊ မနှစ်က စတင် ပူးပေါင်းခဲ့ကြတဲ့ အားကစားနဲ့သက်ဆိုင်တဲ့ စီးပွားရေးသမားတွေ ပါဝင်နေကြလို့ EPG Cup လို့ အမည်ပေးသွားဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာတော့ အသက် ၃၅- နှစ် နဲ့ ၃၅- နှစ် အထက် ရှိတဲ့ ကစားသမားတွေ ပါဝင်ယှဉ်ပြိုင် သွားရမှာဖြစ်ပြီး နိုင်ငံ့အသင်းအတွက် ပြိုင်ပွဲကြီးတွေမှာ ပွဲ ၁၀၀- ကျော် ကစားပေးထားခဲ့ပြီဖြစ်တဲ့ ကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားကြမှာပဲဖြစ်ပါတယ်။

အဲ့ဒီထဲမှာတော့ အသင်းခေါင်းဆောင်အဖြစ် EPG ကို တည်ထောင်ခဲ့ကြတဲ့ မက် မာနာမန် (အင်္ဂလန်) ၊ ကမ်ဘီယာဆို (အာဂျင်တီးနား) ၊ အီမာဆန် (ဘရာဇီး) ၊ ကာရမ်ဘျူး (ပြင်သစ်) ၊ ကူရန်ယီ (ဂျာမဏီ) ၊ မာတာရာဇီ (အီတလီ) ၊ ဆယ်လ်ဂါဒို (စပိန်) ၊ လူဂါနို (ဥရုဂွေး) တို့ ပါဝင်ကြမှာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် Ballon D’Or ဆုရှင် 5 ဦး ဖြစ်ကြတဲ့ ကာကာ ၊ မိုက်ကယ် အိုဝင် ၊ ရော်နယ်ဒင်ဟို ၊ ရီဗယ်လ်ဒို နဲ့ ဖေဘီယို ကန်နာဗားရိုး တို့လည်း ပါဝင်ကြလိမ့်မယ်လို့ Mail Sport မှ ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့ အင်္ဂလန် မှ ဂျို ကိုးလ် ၊ အက်ရှ်လေ ကိုးလ် ၊ ဖာဒီနန် ၊ လမ်းပတ် ၊ ဒေးဗစ် ဂျိမ်း နဲ့ ရော်ဘီ ဖောင်လာ တို့ ပါဝင်ဖို့ ရှိ​နေကြပါတယ်။

ဘရာဇီး မှ ကာဖူး နဲ့ ရော်ဘတ်တို ကားလို့စ် ၊ ပြင်သစ်မှ အွန်နရီ နဲ့ ဒီဆိုင်လီ ၊ အာဂျင်တီးနား မှ ခရပ်စပို နဲ့ ဇာဘလတ်တာ ၊ ဂျာမဏီ မှ အိုဇေးလ် နဲ့ ခီဒီရာ ၊ စပိန် မှ ဒေးဗစ် ဗီလာ နဲ့ ကားလို့စ် ပူးယိုးလ် ၊ အီတလီ မှ ဖရန်စ္စကို တော့တီ နဲ့ ဥရုဂွေး မှ ဒီယေဂို ဖော်လန် တို့ ပါဝင်သွားကြဖို့ ရှိနေပါတယ်။

EPG ဖလား ပြိုင်ပွဲမှာ မိနစ် ၉၀- အစား မိနစ် ၇၀- ကစားမှာ ဖြစ်ပြီး ၁၈- ယောက် ပါဝင်တဲ့အသင်းမှာ ကစားသမားတွေကို လိုအပ်သလို လူစားလဲ ကစားခွင့် ပေးထားမှာပဲ ဖြစ်ပါတယ်။ ကွာတား ဖိုင်နယ် ပွဲစဉ်ကို ဇွန်လ ၄ ၊ ၅ ရက် ၊ ဆီမီး ဖိုင်နယ်ပွဲကို ဇွန်လ ၈- ရက် နဲ့ ဖိုင်နယ် ပွဲစဉ်ကို ဇွန် ၁၁- ရက်မှာ ကစားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုတော့ ချန်ပီယံလိဂ် ဖိုင်နယ် နဲ့ ယူရို ပြိုင်ပွဲကြီး တို့ရဲ့ ကြားကာလမှာ ကျင်းပမှာ ဖြစ်တာကြောင့် ဘောလုံးချစ် ပရိသတ်တွေအတွက် ပွဲကောင်းတွေ ဆက်တိုက်ကြည့်ရဖို့ ရှိနေပါတယ် ။

Source : TheSun.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #EPGCup #၃၅+ကမ္ဘာ့ဖလားပြိုင်ပွဲကြီး #ကိုင်စီဒို #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar

Loading

4 comments

Leave a Reply

Your email address will not be published. Required fields are marked *