အသင်းပိုင်ရှင်တွေ အပေါ် အနည်းငယ် ခနဲ့လိုက်တဲ့ ဖာဘရီဂတ်စ်

အန်ဇို မာရက်စ်ကာကို ချဲလ်ဆီး နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်တွေအပေါ် အနည်းငယ် ခနဲ့လိုက်တဲ့ ဖာဘရီဂတ်စ်

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်စတာနည်းပြဟောင်း အန်ဇို မာရက်စ်ကာကို ၅-နှစ် စာချုပ်နဲ့ တရားဝင်ခေါ်ယူခန့်အပ်ခဲ့ပါတယ်။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ ၃-ဦးမြောက် တရားဝင်နည်းပြသစ်ခန့်အပ်မှုလည်း ဖြစ်ပါတယ်။

မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စတာကို ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၊ ပရီးမီးယားလိဂ်သို့ တန်းတက်စေခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းရဲ့ပရီးမီးယားလိဂ်အတွေ့အကြုံဟာ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလ တခုမျှသာရှိပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကတော့ မာရက်စ်ကာရဲ့ အရည်အချင်းကို သူ့အနေနဲ့ ချက်ချင်းဝေဖန်အကဲဖြတ်သွားမှာမဟုတ်ကြောင်း ဖွင့်ဟရင်း ၊ အမေရိကန် ပိုင်ရှင်တွေဟာ ယင်းအီတလီသားကို ဘာရည်ရွယ်ချက် ၊ ဘာကိုအလိုရှိလို့ ခေါ်ခဲ့တာလဲဆိုတာ ကောင်းကောင်းသိဖို့ မျှော်လင့်ကြောင်း အနည်းငယ် ခနဲ့သွားပါတယ်။

BBC Sport နဲ့ တွေ့ဆုံရာမှာ ဖာဘရီဂတ်စ် က ”ကျွန်တော်တွေးမိတာက သူအလုပ်မလုပ်ရမချင်း ၊ သူဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာ မပြသနိုင်သေးခင်တော့ ခင်ဗျား ဘယ်တော့မှ မသိနိုင်သေးသလို ၊ ဘယ်ဆုံးဖြတ်ချက်ကိုမှ ဝေဖန်လို့မရသေးပါဘူး။ ဇီဒန်း ၊ ဂွာဒီယိုလာတို့ဟာလည်း ဘာအတွေ့အကြုံမှမရှိပဲနဲ့ အောင်မြင်တဲ့ နည်းပြဘဝကို စတင်ခဲ့ကြတာပါ။”

” သူတို့ ၂-ယောက်ထဲက တစ်ယောက်ဟာ ဖလား ၃-လုံး ချန်ပီယံ ဖြစ်ဖူးသလို ၊ တစ်ယောက်က ချန်ပီယံလိဂ် ၃-နှစ်ဆက် ဆွတ်ခူးခဲ့ဖူးပါတယ်။ သူ ( မာရက်စ်ကာ ) ဟာ အသင်းကောင်းတစ်သင်းကို ကိုင်တွယ်ခွင့် ရပါလိမ့်မယ်။ သူဟာ ကြံ့ခိုင်မှုအရ အရမ်းအားကောင်းပြီး ၊ ဆာလောင်နေတဲ့ ကစားသမား အစုအဖွဲ့ကောင်းကို ကိုင်တွယ်ခွင့်ရပါလိမ့်မယ်။”

”သူ့အတွက် အချိန်လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အီတလီမှာ ပါးမားအသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ နည်းပြအလုပ် လုပ်ခဲ့ဖူးပြီး ၊ မတူညီတဲ့ ဘောလုံးကစားဟန်တွေ ပြသနိုင်ခဲ့ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ”

”နည်းစနစ် အကြောင်းတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ သူ့အလုပ်ရဲ့ နောက်ကွယ်မှာ ရှိမနေတာကြောင့်ပါ။ ဒီတော့ သူတို့ ( ချဲလ်ဆီး ပိုင်ရှင်တွေ ) ဘာကိုအမှန်တကယ် ရှာဖွေနေလဲဆိုတာ ခင်ဗျားမသိနိုင်ပါဘူး။ ဒါပေမဲ့ သူဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့လူငယ်နည်းပြတစ်ဦးဆိုတာတော့ သေချာပါတယ်”

”သူ့မှာ တမူထူးခြားတဲ့ ကစားဟန် တစ်ခုရှိပြီး ၊ သူတို့ ဒါကို သေသေချာချာ လေ့လာခဲ့ပြီးမှ ဘယ်အနောက်ကို လိုက်နေလဲ ဆိုတာ ကောင်းကောင်းသိဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာ မာရက်စ်ကာဟာ လက်စတာမှာ ၄ – ၃ – ၃ ကစားကွက်ကို အဓိက အသုံးပြုခဲ့ပေမဲ့ ၊ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို ချဲလ်ဆီးနဲ့ လမ်းမခွဲခင်မှာ သုံးခဲ့တဲ့ Inverted Full-back စတိုင်လ်နဲ့လည်း အကျွမ်းတဝင်ရှိပါတယ်။

ဒါနဲ့ ပတ်သက်ပြီးလည်း ဖာဘရီဂတ်စ် က ”ခင်ဗျားဟာ ကစားကွက်တစ်ခု တည်ဆောက်တဲ့အခါ ကိုယ့်မှာရှိတဲ့ကစားသမားတွေအကြောင်း နားလည်ဖို့ လိုပါတယ်။ ခင်ဗျား သူတို့နဲ့လေ့ကျင့်ရပါလိမ့်မယ် ။ ၃+၂ နည်းစနစ်ကို ပုံဖော်ဖို့ နည်းလမ်း အမျိုးမျိုး ရှိပါတယ်”

”ခံစစ်မှူးတွေနဲ့ ဒါကို ခင်ဗျား ပုံဖော်နိုင်သလို ၊ နံပါတ် ၁၀-ကို ကွင်းလယ် အတွင်းဖက် ဆင်းကစားစေပြီး ၊ အစွန်နောက်ခံလူ တစ်ယောက်ကို ကွင်းလယ် တက်ကစားစေတဲ့ ပုံစံမျိုး ခင်ဗျား လုပ်လို့ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Source: thechelseachronicle.com

#jdbkx.net #FiberOpticCable #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *