အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူးအသင်းရဲ့ နောက်ခံလူ ဂျေမီကာရေဂါ က အာဆင်နယ်အသင်းရဲ့ တိုက်စစ်အစုအဖွဲ့ဟာ ကမ္ဘာ့အဆင့်အနေအထား မရှိသေးဘူးလို့ ယုံကြည်နေပြီး ဂန်းနားကြယ်ပွင့် မာတင်နယ်လီ ဟာ အတော်လေး ရုန်းကန်နေရကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ရှေ့တန်းသုံးယောက် တိုက်စစ်အတွဲဟာ ဒီရာသီမှာ စုစုပေါင်း သွင်းဂိုး ၂၀ ( ဆာကာ – ၉ -ဂိုး ၊ ဂျေးဇု – ၇ -ဂိုး ၊ မာတင်နယ်လီ – ၄ -ဂိုး ) သွင်းထားပြီး ကပ္ပတိန် အော်ဒီဂတ် ကလည်း ၇- ဂိုး အထိ သွင်းထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ထိပ်ဆုံး ငါးသင်းထဲမှာ သွင်းဂိုး အနည်းဆုံးအသင်း ဖြစ်နေပါတယ်။

ကာရေဂါ ကတော့ အာဆင်နယ်အသင်း ရဲ့ တိုက်စစ်ကို အားမရဖြစ်နေပြီး အာတီတာ ရဲ့ အသင်းမှာ ဆာလာ ၊ ဟာလန်း တို့လို ကစားသမားတွေ လိုအပ်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ကာရေဂါက Sky Sports မှာ “အာဆင်နယ်အသင်းရဲ့ တိုက်စစ်က နည်းနည်းပုံသေဆန်လွန်းနေတယ်လို့ မထင်ဘူးလား။ တိုက်စစ်သုံးယောက် နဲ့ အော်ဒီဂတ် အတွဲအဖက် မိမိ နဲ့ ကမ္ဘာ့အဆင့်ဂိုးတွေသွင်းပြီး ကျွန်တော်တို့ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့တဲ့ နောက်ဆုံးအချိန်ကို ခင်ဗျားတို့မှတ်မိလား ”

“အာဆင်နယ် အသင်းရဲ့ တိုက်စစ်အစုအဖွဲ့က ထိပ်တန်းကစားသမားတွေ ဖြစ်တယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ဒါပေမဲ့ သူတို့က ကမ္ဘာ့ အဆင့်မဟုတ်ပါဘူး ၊ သူတို့ ကမ္ဘာ့အဆင့် ဖြစ်လာနိုင်သလား ဆိုရင် ဆာကာ ကတော့ ဖြစ်လာနိုင်ပါတယ် ၊ ဒီလိဂ်ပြိုင်ပွဲမှာ လီဗာပူး ချန်ပီယံ ဖြစ်ခဲ့တာက ဆာလာ လို ကစားသမား ရှိနေတာကြောင့်ပါ ၊ မန်စီးတီးဆို အရင်က အဂွေးရိုး အခု ဟာလန်း ရှိပါတယ် ”

“အာဆင်နယ် အသင်းကို ချန်ပီယံဖြစ်အောင် ဆွဲတင်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်ကစားသမား ရှိသလား ဆိုရင် ကျွန်တော်ကတော့ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ အရုန်းကန်နေရဆုံး ကစားသမားကို ပြောပါဆို မာတင်နယ်လီပါပဲ ၊ မနှစ်က ရှာကာ က အာဆင်နယ် အသင်းရဲ့ left no 8 နေရာမှာ အဓိက ကစားခဲ့ပါတယ် ၊ အခုတော့ ထရောဆက်ဒ် ကစားလိုက် ရိုက်စ် ကစားလိုက် ဟားဗတ်ဇ် ကစားလိုက်ပါပဲ။ ဒါက မာတင်နယ်လီ ကို အထောက်အကူ မဖြစ်စေပါဘူး ” လို့ ပြောကြား သွားခဲ့ပါတယ်။

Source : Skysports.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မီခေးလ်အာတီတာ #အာဆင်နယ်အသင်း #ဂျေမီကာရေဂါ #မာတင်နယ်လီ #တိုက်စစ်ဟာကမ္ဘာ့အဆင့်မဟုတ် # Sky Sports #Online #Games #Myanmar #OnlineGamesMyanmar

Loading

13 comments

Leave a Reply

Your email address will not be published. Required fields are marked *