ယူနိုက်တက် ပရိသတ် အချစ်တော် တစ်ဦးရဲ့ အားနည်းချက်ကို ထုတ်ပြောလိုက်တဲ့ ကာရေဂါ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဟာ ဒီရာသီ ဒဏ်ရာပြသနာတွေအကြားမှာ ရုန်းကန်နေခဲ့ရပြီး ယူနိုက်တက်တို့ တော့တင်ဟမ် ၊ နယူးပို့ ကောင်တီ အသင်းတွေနဲ့ ကစားရတဲ့ ပွဲစဉ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက်ကတည်းက ပွဲစဉ်တိုင်း အားကြိုးမာန်တက် ကစားပေးခဲ့သူဖြစ်ပြီး အသင်းအတွက် ပေးဆပ်လိုစိတ် ရှိတာကြောင့် အချိန်တိုတွင်း ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ ကတော့ မာတီနက်ဇ် ဟာ ဗဟိုခံစစ်မှူး တစ်ဦးအဖြစ် ကစားပေးဖို့ အရမ်းကိုလူကောင်သေးလွန်းသူဖြစ်ကြောင်း ၊ အထူးသဖြင့် သူဟာ တည်ကန်ဘောမှာ ယူနိုက်တက်တို့ရဲ့ အားနည်းချက် ဖြစ်နေခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ်။

“ယူနိုက်တက်တို့ သူ့ကို စခေါ်ကတည်းက ကျွန်တော် ဒါကို ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ လီဆန်ဒရို မာတီနက်ဇ် နဲ့ ပတ်သက်လာရင် သူ့ရဲ့ အရပ်အမောင်းအပေါ် စိုးရိမ်စိတ် ဖြစ်မိခဲ့ပါတယ်။ ကျွန်တော်သာ နည်းပြဖြစ်ခဲ့ရင် ဒီလောက် လူကောင်သေးတဲ့ ဗဟိုခံစစ်မှူးကို ခေါ်ဖြစ်မှာ မဟုတ်ပါဘူး”

“ပြဿနာက သူမဟုတ်ပါဘူး။ ဘောလုံး ကစားသမားတစ်ဦးအဖြစ်နဲ့ ကျွန်တော် သူ့ကိုသဘောကျပါတယ်။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ကိုလည်း နှစ်ခြိုက်မိပါတယ်။ သူဟာ ဘောလုံးကိုင်ကစားတာ ကောင်းမွန်သလို ရန်လိုစွာ ကစားပေးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်”

“ဒါပေမဲ့ အခုခေတ် ဘောလုံး အားကစားက.. လွန်ခဲ့တဲ့ နှစ် 20 လောက်က ကျွန်တော်ဟာ ခံစစ် အစွန်လူအဖြစ် ကစားခဲ့ပါတယ်။ အဲ့တုန်းက လေးယောက်တန်း ခံစစ်ကိုသုံးခဲ့ကြတာပေါ့။ အဲ့ဒီထဲမှာ အလွတ်တည်ကန်ဘောတွေကို ခုခံဖို့ အရပ်ရှည်တဲ့ ဗဟိုခံစစ်မှူး လိုအပ်ခဲ့ပါတယ်”

“ဒါပေမဲ့ အခုခေတ်မှာ ခံစစ် အစွန်လူတွေက တောင်ပံတိုက်စစ် ကစားသမားတွေလို ကစားပေးနေရပါတယ်။ အသင်းတွေမှာ လူကောင်ကြီးတဲ့ ကစားသမားတွေလည်း နည်းပါးလာခဲ့ကြပါပြီ ။ ခံစစ် အစွန်လူတွေကလည်း လူကောင်ကြီးတာမျိုး မဟုတ်တော့ပါဘူး”

“အလွတ် တည်ကန်ဘောတွေနဲ့ ပတ်သက်ရင် ခင်ဗျားရဲ့ ခံစစ်မှူး ၊ အခုခေတ် တစ်ခါတလေ တိုက်စစ်မှူးတွေလည်း လူကောင်ထွားတဲ့ ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါတွေမှာ ခုခံနိုင်ဖို့ ၊ ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေခဲ့ကြရတာကို မြင်ခဲ့ရပါတယ်”

“ခင်ဗျားရဲ့ ခံစစ်မှူး နှစ်ဦးဟာ အလွတ် တည်ကန်ဘောတွေကို တားဆီး ခုခံနိုင်စွမ်းရှိတဲ့ အရပ် 6 ပေ 3 လက်မ ၊ 6 ပေ 4 လက်မ ကစားသမားတွေ ဖြစ်သင့်ပါတယ်။ အဲ့ဒီလိုဆိုရင် အခြား ကစားသမားတွေအတွက် ဝန်ထုပ် နည်းပါးသွားနိုင်တာပေါ့ ” လို့ ကာရေဂါ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

Source : manchestereveningnews.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဂျေမီကာရေဂါ #မန်ချက်စတာယူနိုက်တက် #လီဆန်ဒရိုမာတီနက်ဇ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *