ဒဏ်ရာပြဿနာရှိနေတဲ့ ဆာကာ ကို အင်္ဂလန်အသင်းမှာ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် ကတော့ နိုင်ငံတကာပွဲစဉ်အတွက် လူစာရင်းကို ထုတ်ပြန်ကြေညာရာမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အာဆင်နယ် တောင်ပံကစားသမား ဆာကာ ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်း ရှင်းပြလာခဲ့ပါတယ် ။

ဆာကာ ဟာ အလုံးစုံ ကြံ့ခိုင်မှု မပြည့်ဝ ၊ ဒဏ်ရာ အရှင်းမပျောက်သေးဘဲ ပွဲဆက်တိုက် ကစားခဲ့ရမှုကြောင့် နောက်ပိုင်းပွဲစဉ်မှာ ဒဏ်ရာပြဿနာ ပြန်ပြန်ကြုံနေရပြီး လန်းစ်အသင်းနဲ့ ပွဲမှာဆို ပထမပိုင်းမှာပဲ လူစားလဲလိုက်ရပါတယ် ။ ဆာကာ ဟာ ဒီတစ်ပတ် မန်စီးတီး နဲ့ ပွဲမှာ ပါဝင်ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ် ။

အဲ့ဒီလို သတင်းတွေထွက်နေတဲ့အချိန်မှာ အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ် ဟာ ဆာကာ ကို ဩစတေးလျ နဲ့ ခြေစမ်းပွဲ ၊ အီတလီ နဲ့ ယူရို ‌ခြေစစ်ပွဲအတွက် ရွေးချယ်ခဲ့တာကြောင့် ဂန်းနား ကြယ်ပွင့် တစ်ယောက် ဒဏ်ရာကနေ အလုံးစုံသက်သာသွားပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိခဲ့ကြပါတယ် ။

ဆောက်ဂိတ် ကတော့ ဒဏ်ရာ ပြဿနာရှိနေတဲ့ ဆာကာ အင်္ဂလန် အသင်းမှာပါဝင်လာတာ နဲ့ ပတ်သက်ပြီး ” ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝကလာသူ ဖြစ်ဝာာကြောင့် ကြံ့ခိုင်မှုမပြည့်ဝတဲ့ကစားသမားတစ်ဦးကို ဘယ်တော့မှ အရဲစွန့် သုံးမှာ မဟုတ်ပါဘူး ။ အာတီတာ ပြောတဲ့စကားကို ကျွန်တော်တို့သေချာနားထောင်ပါတယ် ။ ”

” ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ကို အလေးထားပြီး သက်ဆိုင်ရာ ကလပ် အသင်းတွေနဲ့လည်း အပြန်အလှန်ယုံကြည်မှု တည်ဆောက် ထားပါတယ် ။ သူတို့ဘက်ကလည်း တခြားနိုင်ငံတွေထက် ကျွန်တော်တို့ နိုင်ငံ အသင်းဟာ ကစားသမား ရဲ့ ရှေ့ရေးကို ကြည့်ပီး ဆုံးဖြတ်ချက်ချတယ်ဆိုတာ လက်ခံသဘောတူညီကြမှာပါ ။ ”

” ကျွန်တော်တို့က တစ်နှစ်လုံးနေမှ ၁၀-ပွဲလောက်ပဲ ကစားရတာပါ ။ ဆာကာ ကို ပွဲတိုင်းလည်း ထည့်မကစားပါဘူး ။ အသင်းအတွက် အရေးပါတဲ့ ပွဲမှာတော့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ထည့်ကစားစေချင်တာပေါ့ဗျာ ။ ”

” သူ့ရဲ့ဒဏ်ရာက စစ်ဆေးမှုတွေ လုပ်ရဦးမှာပါ ။ သူတို့ ဒီတစ်ပတ် ပွဲကြီးပွဲကောင်းတစ်ပွဲ ကစားရပါဦးမယ် ၊ အဲ့ဒီပွဲအပြီး ကျွန်တော်တို့ ဩစတေးလျနဲ့ ပွဲကစားဖို့က ၇ – ရက်လိုသေးသလို အီတလီ နဲ့ ပွဲကလည်း ၁၀ ရက် လိုပါသေးတယ် ။ ဒါကြောင့် အဲ့ဒီ ပွဲ‌တွေမတိုင်ခင် အားလုံးရဲ့ကြံ့ခိုင်မှုကို စစ်ဆေးသွားဦးမှာပါ ။ ”

Source : mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *