အမှန်အတိုင်း ထင်မြင်ချက် ပေးသွားတဲ့ မော်ရင်ညို

သူ့အသင်းဟောင်း ၃-သင်းရဲ့ လက်ရှိ အနေအထားအပေါ် အမှန်အတိုင်း ထင်မြင်ချက် ပေးသွားတဲ့ မော်ရင်ညို

ပေါ်တူဂီသား ဝါရင့်နည်းပြကြီး ဂျိုဆေး မော်ရင်ညိုဟာ လာမဲ့ရာသီမှာ တူရကီကလပ် ဖီနာဘာချီ အသင်းကို စတင်ကိုင်တွယ်တော့မှာဖြစ်ပြီး ၊ စာချုပ်မချုပ်ခင် ပြီးခဲ့တဲ့စနေနေ့က လန်ဒန်သို့ရောက်လာခဲ့ကာ ၊ ဝင်ဘလေကွင်းမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

အသက် ၆၁-နှစ် အရွယ်ရှိ မော်ရင်ညိုဟာ အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီး ၃-သင်း ဖြစ်တဲ့ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် အသင်းတွေမှာ ဆယ်စုနှစ်တစ်ခုနီးနီး ကျင်လည်ဖြတ်သန်းခဲ့ပြီး ထိုကလပ်တွေအပေါ် သံယောဇဉ်တွေကျန်နေသေးသူ ဖြစ်ပါတယ်။

တမြန်နေ့ ချန်ပီယံလိဂ် ဖိုင်နယ်အတွက် TNT Sports ရုပ်သံဌာနမှာ ဧည့်သည် ပွဲသုံးသပ်သူအဖြစ် ရောက်လာခဲ့တဲ့ မော်ရင်ညိုက လက်ရှိ သူ့အသင်းဟောင်း ချဲလ်ဆီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ အမေးနဲ့ပတ်သက်ကာ အခုလိုပဲ ဖွင့်ဟဖြေကြားလာပါတယ်။

မော်ရင်ညို က ”( ချဲလ်ဆီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ) ကျွန်တော် ဘာတစ်ခုမှ နားမလည်တော့ပါဘူး။ တော့တင်ဟမ်အတွက်တော့ ကျွန်တော့မှာ အိုင်ဒီယာတစ်ခု ရှိပါတယ်။ ဒါက တော့တင်ဟမ်ပါ။ သူတို့ဟာ အဆင့် ၄ -အတွက် အမြဲတမ်းတိုက်ပွဲဝင်နေပါတယ်။”

”နောက်ရာသီ သူတို့အနေနဲ့ အဆင့် ၄ ၊ ၅ ၊ ၆ အတွင်းဝင်ရင် အံ့သြဖွယ်ကောင်းနေပါပြီ။ ဟုတ်ပါတယ်။ နောက်နှစ် သူတို့ယူရိုပါလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ပါတယ်။ သူတို့မှာ တည်ငြိမ်မှုတစ်ရပ် ရှိတဲ့ပုံပေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာပြီး ၊ အသင်းအပေါ် အံ့သြဖွယ် ထောက်ပံ့မှုတွေ ပေးနေပါတယ်။ သူတို့ရဲ့ ဘောလုံးကွင်းကလည်း လှပါတယ်။”

”ဒါတွေကို ခင်ဗျားခံစားသိနိုင်ပါတယ်။ ချဲလ်ဆီးကတော့ ကျွန်တော်လည်းတကယ်ကို မသိတော့ပါဘူး ။” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ၂-နှစ်တာအတွင်း နည်းပြအပြောင်းအလဲ ၄-ကြိမ်အထိပြုလုပ်ထားပြီး ၊ လာမဲ့ ရာသီမှာတော့ အီတလီလူမျိုးနည်းပြ အန်ဇို မာရက်စ်ကာက ချဲလ်ဆီးကို ၅-နှစ် စာချုပ်နဲ့ ကိုင်တွယ်မယ်လို့ ကြားသိရပါတယ်။

တစ်ဖက်မှာ မော်ရင်ညိုရဲ့ အခြားအသင်းဟောင်းတစ်သင်းဖြစ်တဲ့ မန်ယူနိုက်တက်ဟာလည်း ပိုင်ရှင်သစ်တွေလက်ထက် အပြောင်းအလဲ တချို့ မြင်ရဖို့ မျှော်မှန်းခံထားရကာ ၊ ပထမဆုံးအနေနဲ့ လက်ရှိနည်းပြ အဲရစ် တမ်ဟဂ် ရာထူးက ဖယ်ရှားခံရနိုင်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်ထားကို မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရပါတယ်။

သရဲနီတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မော်ရင်ညို က ”သူတို့က အရင်ကထက်စာရင် နည်းနည်းလေး တိုးတက်လာတယ်ဆိုပေမဲ့ အရင်ကနဲ့ တူတူလောက်ပါပဲ။ လက်ရှိမှာ ပက် ( ဂွာဒီယိုလာ ) ဟာ တခြား ကလပ်တွေမှာ ဖြစ်ပျက်နေတဲ့ အရှုပ်အပွကိစ္စတွေကို ထိုင်ရယ်နေလောက်မယ် ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Source: thesun.co.uk

#jdbkx.net #FiberOpticCable #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *