မော်ရင်ညို ဆန်နေဆဲဖြစ်တဲ့ မော်ရင်ညို

ဘောလုံးပရိသတ်မှန်ရင် ပေါ်တူဂီနည်းပြကြီး ဂျိုဆေးမော်ရင်ညို ကို နှစ်သက်သဘောကျဖူးကြမှာပါ။ နည်းစနစ်ပိုင်း ကောင်းမွန်ထူးချွန်သလို အခြားသူတွေနဲ့မတူဘဲ ကွဲပြားတဲ့အပြုအမူတွေကြောင့်လည်း လူကြိုက်များခဲ့ကြပါတယ်။

မနေ့ညကတုန်းက ရိုးမား နဲ့ ဖီအိုရင်တီးနားတို့ (၁)ဂိုးစီ သရေကျတဲ့ပွဲမှာလည်း မော်ရင်ညို တစ်ယောက် ပရိသတ်တွေရဲ့ မျက်စိကျမှုကို ခံခဲ့ရပြန်ပါတယ်။ ရိုးမား ဟာ ၆၄ -မိနစ် နဲ့ ၈၇- မိနစ်တွေမှာ ဇာလွီစကီး နဲ့ လူကာကူ တို့ အနီကတ်နဲ့ ထုတ်ခံလိုက်ရတာကြောင့် ၂- ယောက်လျော့ နဲ့ လက်ကျန် မိနစ်တွေကို ဖြတ်သန်းခဲ့ရပါတယ် ။

အချိန်ပို အပါအဝင် ၁၀- မိနစ်လောက် ကျန်နေသေးချိန်မှာ မော်ရင်ညို တစ်ယောက် အနိုင်ရဖို့ထက် ၁ -ဂိုးစီ သရေရလဒ်ကို မဆုံးရှုံးရလေအောင် အသေအချာပြင်ဆင်လာတော့တာပါပဲ။ လူကာကူ အထုတ်ခံရအပြီးမှာတော့ နည်းပြကြီးဟာ အနီးမှာရှိနေတဲ့ ဘောကောက်လူငယ်လေးကို စာရွက်တစ်ရွက်ပေးပြီး ညွှန်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။ လူငယ်လေးဟာ ဒီစာရွက်ကို ရိုးမားဂိုးသမား ပက်ထရီစီယို ဆီ သွားပေးခဲ့တာပါ။ စာထဲမှာ ရေးထားတာတွေကို ကင်မရာက အမိအရရိုက်ပြနိုင်ခဲ့ပါတယ်။

ထောင့်ကန်ဘောတွေ ကာကွယ်ချိန်မှာ စတီဖင် အယ်လ်ရှာရာဝီ နဲ့ အက်ဒွာဒို ဘက်ဗ် တို့ကို ဂိုးထောင့်မှာ ရပ်ပြီး ကာကွယ်ခိုင်းခဲ့တာပါပဲ။ လူကာကူ လို အရပ်အမောင်းမြင့်တဲ့ ကစားသမားကို လက်လွှတ်လိုက်ရချိန်မှာ တည်ကန်ဘောတွေကနေ ဂိုးပေးလိုက်ရမှာကို မော်ရင်ညို စိုးရိမ်ပြီး ပြင်ဆင်သွားခဲ့တာပါ။ ဒီလိုနဲ့ ရိုးမားတို့ သရေ ၁- မှတ်ကို ရယူနိုင်ခဲ့ပြီး အဆင့် ၄- နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Source : AZ40K : pulsesports.ng

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဂျိုဆေးမော်ရင်ညို #ရိုးမားနည်းပြ #ဖီအိုရင်တီးနား #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *