ရင်ဆိုင်ရ အခက်ဆုံးနည်းပြ ၊ ဘောလုံးသမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြ အမည်တွေကိုထုတ်ပြောလိုက်တဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာ က ပြိုင်ဖက် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့ပ် ဟာ ရင်ဆိုင်ရ အခက်ခဲဆုံး နည်းပြဖြစ်ကြောင်း ၊ ယူနိုက်တက် ဂန္တဝင် ဆာအဲလက်စ် ဖာဂူဆန် ကတော့ သမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်။

“ယာဂင်ကလော့ပ် က ကျွန်တော့်ရဲ့ ရင်ဆိုင်ရအခက်ခဲဆုံး နည်းပြဖြစ်နေရတဲ့ ပထမဆုံးအကြောင်းအရင်းက သူနဲ့ကျွန်တော်ဟာ ကွင်းထဲမှာ အကြိမ်ပေါင်း သန်း 1000 လောက်အထိ ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးကြလို့ပါပဲ ။ ဒုတိယအချက်ကတော့ သူကျွန်တော့်ကို မကြာခဏအနိုင်ယူခဲ့ဖူးလို့ပါပဲ”

“သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ရင်ဆိုင်ခဲ့ရတာက တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး အရမ်းပဲလေးစားသမှု ထားရှိကြပါတယ်။ ကျွန်တော့်ဖက်ကပဲ ပြောရရင်တော့ ကျွန်တော်သူ့ကို အများကြီးလေးစားပါတယ်”

“ဟုတ်ပါတယ် ၊ ကျွန်တော်တို့ကြားမှာ စကားအခြေအတင်ဖြစ်တာတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်လည်း သူ့ကို ရှုံးရတာ မကြိုက်ပါဘူး ။ ကျွန်တော်တို့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အကြိမ်အရေအတွက် အရမ်းကိုများပြားခဲ့တာကြောင့် သူဟာ ကျွန်တော့်ရဲ့ အကြီးမားဆုံးပြိုင်ဖက်ပါပဲ ”

“သူ့ကို အနိုင်ယူရတာက တကယ့်ကိုပျော်စရာကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုအနိုင်ယူနိုင်ဖို့ ဘယ်လောက်အထိခက်ခဲလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်လေ” လို့ ပြောရင်း ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးနည်းပြ နဲ့ ပတ်သက်လို့မေးမြန်ရာမှာ…

“သူ ရယူနိုင်ခဲ့တဲ့ ဆုဖလားအရေအတွက် ၊ အပြောင်းအလဲလုပ်ဆောင်မှုနဲ့ တည်ငြိမ်တဲ့အသင်းကို ဖန်တီးနိုင်မှုတွေကြောင့် ဆာအဲလက်စ် က နံပါတ်တစ်ပါပဲ ။ ယိုဟန်ခရိုက်ဖ် ၊ အရီဂိုဆာချီ တို့လို နည်းပြတွေနဲ့ အနီးဆုံး နေရာမှာသူရှိနေပါတယ်”

“သူတို့ရဲ့ နည်းစနစ်တင် မဟုတ်ပါဘူး ၊ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းကလည်း အရမ်းကို ကြီးမားလှပါတယ်။ ဆာချီ က ဆာအဲလက်စ် လောက် ဆုဖလားတွေ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဘောလုံးမျိုးဆက် ၊ မန်နေဂျာ နဲ့ ကစားသမားတွေကို ပြောင်းလဲနိုင်ခဲ့ပါတယ်”

“ခရိုက်ဖ် က အသင်းနှစ်သင်းကို ပြောင်းလဲပေးခဲ့နိုင်ပါတယ်။ အေဂျက်ဇ် နဲ့ ဘာစီလိုနာ ပေါ့ ။ ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ လို့ သူ့ကို မေးခဲ့ဖူးပါသေးတယ် ။ သူက ‘လာပါ ကောင်လေးတို့ ၊ ငါတို့ ဒီလမ်းကြောင်းအတိုင်းဆက်လျှောက်ကြမယ်’ လို့ ပြောခဲ့သူပါ ”

“အဲ့တာမျိုး လုပ်နိုင်ဖို့အတွက် ခင်ဗျားဆီမှာ တကယ့်ကို ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး ၊ ယုံကြည်ချက်တွေ ရှိနေဖို့လိုအပ်လှပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့ (၃) ဦးက အကောင်းဆုံးတွေပါပဲ ” လို့ ဂွာဒီယိုလာ က ပြောခဲ့လိုက်တာပဲဖြစ်ပါတယ်။

Source : Skysports.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ပက်ဂွာဒီယိုလာ #ယာဂင်ကလော့ပ် #ဆာအဲလက်စ်ဖာဂူဆန် #မန်ချက်စတာယူနိုက်တက် #မန်စီးတီး #လီဗာပူး #ရင်ဆိုင်ရအခက်ဆုံးနည်းပြ #အကောင်းဆုံးနည်းပြ #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *