‘ 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ပါပဲ’ မန်ယူနိုက်တက်နဲ့ပွဲမတိုင်မီ လီဗာပူးကို သတိပေးလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဝေဖန်မှုတွေ ခံနေရတဲ့ မန်ယူနိုက်တက်ကို အထင်သေးလိုက်မယ်ဆိုရင် မှားယွင်းသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပြီး တန်းဟတ်ရဲ့အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံနေရကာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရှုံးကာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရပါတယ်။

ပရီးမီးယားလိဂ် leaders လီဗာပူးဟာ မန်ယူနိုက်တက်ကို ၁၀ -မှတ်အသာနဲ့ ဦးဆောင်နေပြီး ပြီးခဲ့တဲ့ရာသီက အန်ဖီးမှာ ၇-၀ နဲ့ နိုင်ထားခဲ့တဲ့ မှတ်တမ်းကလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ကလော့က ဒီလို ထူးခြားဖြစ်စဉ်ဟာ ဒီတစ်ပတ် အန်ဖီးမှာ အိမ်ရှင်ကို ဘာအကူအညီမှ ဖြစ်စေမှာ မဟုတ်ဘူးလို့ ၀န်ခံလိုက်ပါတယ်။

ကလော့က “ကျွန်တော်တို့နဲ့ မကစားမီ သတင်းခေါင်းကြီးတွေမှာ မန်ယူနိုက်တက်ရဲ့ မကောင်းတဲ့ အကြောင်းတွေကိုပဲ ပြောနေကြတာကို ကျွန်တော် လုံး၀မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီလိုပွဲမျိုးမှာ အရာအားလုံး မှန်ကန်သွားနိုင်လို့ပါ”

ကျွန်တော်က ယူနိုက်တက်ကို အနီးကပ်စောင့်ကြည့်နေတာ မဟုတ်တာကြောင့် သူတို့ဘာပြဿနာ ဖြစ်နေသလဲဆိုတာ အတိအကျမသိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လက အဲရစ်တန်းဟတ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆု ရခဲ့တာကို တွေ့ခဲ့ပါတယ်။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ ပုံစံကောင်း ပြသနေတဲ့ အသင်းဆိုတာ တွေ့နေရပါတယ်။ ဒ့ါကြောင့် ဘယ်လိုလုပ်ပြီး သူတို့အားလုံး မှားယွင်းနေသလို ပြောနေတာလဲ? ကျွန်တော် ဒါကို လုံး၀ နားလည်လို့ မရပါဘူး။

ပြီးခဲ့တဲ့ရာသီက 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပြီးသားပါ။ ဒါဟာ တစ်သက်မှာ တစ်ကြိမ်သာ ဖြစ်တက်တဲ့ ရလဒ်ပါ။ အကယ်၍ ဒါဟာ တစ်စုံတစ်ယောက်ကို အကူအညီ ဖြစ်စေမယ် ဆိုရင် 7-0 နဲ့ ရှုံးခဲ့တဲ့ အသင်းကိုပဲ ဖြစ်မှာပါ။ 7-0 နဲ့ နိုင်ခဲ့တဲ့ အသင်းကို မဟုတ်ပါဘူး။ ဒါတွေအားလုံးကို ခေါင်းထဲကနေ ထုတ်ထားလိုက်ပါ။ လီဗာပူးရဲ့ သမိုင်း၀င်ပြိုင်ဘက်ကို အန်ဖီးမှာ အကောင်းဆုံး ကစားသွားဖို့ပဲလုပ်ပါ။ ဒါကသာ စပယ်ရှယ်ပွဲကို ဖြစ်စေမှာပါ။ အခြေအနေကို တကယ်နားလည်ပြီး အစွမ်းကုန် ပေးဆပ်ကစားပါ။ ကျွန်တော် လိုချင်တာ ဒါတွေပါပဲ” လို့ ဆိုလိုက်ပါတယ်။

Source : metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ယာဂန်ကလော့ #လီဗာပူး #အဲရစ်တန်းဟတ် #မန်ချက်စတာယူနိုက်တက် #ဖြစ်တောင့်ဖြစ်ခဲရလဒ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *