တန်းပြန်တက်လာတဲ့ လက်စတာ ၊ တန်းဆင်းသွားတဲ့ စလာနီတာလာ ၊ ချန်ပီယံဖြစ်တော့မဲ့ ရီးရဲ တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညတုန်းက ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရတာကြောင့် လက်စတာစီးတီး အသင်းဟာ ရာသီကုန်ဖို့ ၂- ပွဲ အလိုမှာတင် ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရရှိသွားခဲ့ပါတယ်။ လက်စတာ ဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ ရမှတ် ၉၃- မှတ်နဲ့ ဦးဆောင်နေပြီး ချန်ပီယံဖြစ်ဖို့ အစ်ပ်ဆွစ်ချ်တောင်း အသင်းနဲ့ ဆက်လက်အားပြိုင်ရဦးမှာဖြစ်ပါတယ်။

အီတလီ စီးရီးအေ မှာတော့ ဆလာနီတာနာ အသင်းဟာ အီတလီအဆင့်မြင့်တန်းကို တန်းတက်လာအပြီး ၃ -ရာသီ အကြာမှာ စီးရီးဘီ ကို တန်းပြန်ဆင်းသွားခဲ့ရတယ်လို့ သိရှိရပါတယ်။

လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် အသင်းဟာ ဆိုဆီဒက် အသင်းကို အဝေးကွင်းမှာလူငယ်ကြယ်ပွင့်လေး အာဒါဂူလာ ရဲ့ ၁ -လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးချန်ပီယံဆုနဲ့ လက်တကမ်းအကွာကို ရောက်ရှိလာခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့် ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေတာကြောင့် ဘန်လေ နဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြ တန်ဟတ် က ပြောဆိုသွားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ် အသင်းကတော့ မစ်ချယ် အိုလစ် နဲ့ အီဇီ တို့ ၂ -ယောက်အတွက် ပေါင် သန်း ၆၀ -စီ တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဖရန့်ဖတ် အသင်းဟာ အငှားခေါ်ယူထားတဲ့ PSG ကစားသမား ဟူဂို အီကီတိုက် ကို အပြီးသတ်ဝယ်ယူတော့မှာဖြစ်တာကြောင့် ပြင်သစ်ကလပ်ကို ယူရို ၁၆.၅ သန်း ပေးချေဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

ဖူလ်ဟမ် အသင်းနောက်ခံလူ အာဒရာဘိုင်အိုယို ကတော့ ရာသီအကုန်မှာ လန်ဒန်ကလပ်ကနေ ထွက်ခွာမှာဖြစ်ပြီး ဖူလ်ဟမ် ရဲ့ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းချက်ကို ငြင်းပယ်ချခဲ့တယ်လို့ ကြားသိရပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ရဲ့ စာချုပ်ထဲမှာပါရှိတဲ့ ပေါင်သန်း ၁၀၀ -တန် စာချုပ်ဖျက်သိမ်းကြေးဟာ မေလ အကုန်ကနေ ဇွန်လ အထိ စတင်သက်ရောက်တော့မယ်လို့ သိရပါတယ်။ အဆိုပါ ကာလလွန်သွားခဲ့ရင်တော့ စာချုပ်ဖျက်သိမ်းခွင့်မရှိတော့ဘဲ နယူးကာဆယ် က ပြောင်းရွှေ့ကြေးကို စိတ်ကြိုက် ညှိနှိုင်းခွင့်ရရှိသွားတော့မှာပဲဖြစ်ပါတယ်။

ဘရာဇီး အမျိုးသမီးဘောလုံးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး မာတာ ဟာ အခုနှစ်ကုန်မှာ ဘောလုံးကစားခြင်းကနေ အနားယူတော့မယ်လို့ အတည်ပြုကြေညာသွားခဲ့ပါတယ်။

Source : managingmadrid.com : bbc.com

#jdbkx.net #အားကစားသတင်းများ #လက်စတာစီတီး #စလာနီတာလာ #ရီးရဲမက်ဒရစ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *