ကာရာဘောင်ဖလားဖိုင်နယ်က လီဗာပူးစတားရဲ့ performance ကို အထူး ချီးကျူးလိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်ဟာ မနေ့ညက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ စပယ်ရှယ် လက်စွမ်းကို ပြသသွားခဲ့တဲ့ လီဗာပူး ဂိုးသမား ကယ်လီဟာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ အချိန်ပိုရဲ့ နောက်ဆုံးမိနစ်ပိုင်းမှာ ဗန်ဒိုက် ခေါင်းတိုက်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဟာဟာ အဆိုပါပွဲစဉ်ရဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပွဲအတွင်းမှာ ဂိုးပေါက်ကာကွယ်မှု ၉ -ကြိမ်ထိ ပြုလုပ်ခဲ့ကာ လီဗာပူး အတွက် clean sheet ရယူပေးခဲ့ပြီး လီဗာပူးရဲ့ ဆုဖလား ရယူမှုမှာ အဓိက နေရာကနေ ပါ၀င်သွားခဲ့ပါတယ်။

ဗန်ဒိုက်က ကျွန်တော်ကတော့ ကယ်လီဟာရဲ့ အကြီးမားဆုံး အမာခံ ပရိတ်သတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အဆင့် ဂိုးသမား ဆိုပြီး ကျွန်တော်အမြဲ ပြောလေ့ရှိပါတယ်။ သူဟာ ဒီနေ့မှာလည်း ဒါကို သက်သေပြသွားခဲ့ပြန်ပါတယ်။ ဒီလို လုပ်နိုင်တာကို မြင်ရတာ ကောင်းပါတယ်။ သူဟာ တကယ်တော်တဲ့ ဂိုးသမားပါပဲ။ ဒါ့ကြောင့် လီဗာပူးလို ကလပ်မှာ ဒါမျိုး ဂိုးသမားကို လိုအပ်ပါတယ်။”

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ကလည်း “သူနဲ့ ပက်သက်ပြီး တအား ပျော်ရွှင်မိပါတယ်။ သူဟာ တအားကို ကောင်းအောင် ကစားခဲ့ပါတယ်။ မယုံနိုင်စရာပါပဲ။ တကယ့်ကို ရင့်ကျက်တဲ့ performance ပါပဲ။ ကျွန်တော်တို့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား နဲ့ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၂ -ရှိနေပါတယ်။ သူ့အတွက် တကယ် ပျော်ရွှင်မိပါတယ်။ ထိပ်တန်း performance ပါပဲ။” လို့ ချီးကျူးသွားပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ကယ်လီဟာက “ရှင်းပြလို့ ခက်ခဲပါတယ်။ ဒါပေမယ့် ၀င်ဘာလေမှာ ဆုဖလားကို ကိုင်မြှောက်ပြီး ပရိတ်သတ်တွေနဲ့ အတူ အောင်ပွဲခံရတာဟာ ကျွန်တော်တို့ အိမ်မက်မက်နေတဲ့ အခိုက်အတန့်တွေပါပဲ။ ဖော်ပြဖို့ ခက်ခဲပါတယ်” လို့ ဆိုလိုက်ပါတယ်။

Source : Mirror.co.uk

#jdbkx.com #အားကစားသတင်း #လီဗာပူး #ချဲလ်ဆီး #ကယ်လီဟာ #ဗန်ဒိုက်  #Online  #Games  #Myanmar   #OnlineGamesMyanmar

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *