လီဗာပူးနည်းပြသစ် အဖြစ် အသင့်တော်ဆုံးသူကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

ယာဂန်ကလော့ဟာ ပြီးခဲ့တဲ့ အပတ်က ရာသီကုန်မှာ လီဗာပူး ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရား၀င် ကြေငြာကာ ဘောလုံးလောကကြီးကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး နည်းပြအဖြစ် ရေပန်းစားတဲ့သူတွေ ထွက်ပေါ်လာခဲ့ကာ ဒီထဲမှာ ဘရိုက်တန် နည်းပြ ဒီဇာဘီ ၊ လေဗာကူဆင် နည်းပြ ဇာဗီအလွန်ဆိုနဲ့ စပါး နည်းပြ ပိုစတီကိုဂလူး တို့လည်း ပါဝင်နေပါတယ်။

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်း ကတော့ လီဗာပူး ကစားသမားဟောင်း ဖြစ်တဲ့ အလွန်ဆိုကို အန်ဖီးကလပ် အနေနဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ အလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင်ကို ယူရိုပါလိဂ် နောက်ဆုံး ၁၆ -သင်း အဆင့်ကို ပို့ဆောင်ပေးထားခဲ့တဲ့ အပြင် ဘွန်ဒက်လီဂါ ချန်ပီယံဆုကိုလည်း စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

လီဗာပူး နည်းပြသစ်အဖြစ် ဘယ်သူ့ကို ခန့်အပ်သင့်သလဲဆိုတဲ့ မေးခွန်းကို ဂျွန်ဘန်းက “ရော်ဘတ်တို ဒီဇာဘီဟာ အခုဆိုရင် ဘရိုက်တန် အသင်းကို ကိုင်တွယ်တာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ ကျွန်တော်ကတော့ သူ ဘရိုက်တန်မှာ လုပ်ပြနေတာတွေကို အကဲဖြတ်ကြည့်လိုက်မယ် ဆိုရင် ဒါဟာ လီဗာပူး အတွက် မှန်ကန်တဲ့ ခေါ်ယူမှုလို့တော့ မမြင်မိပါဘူး။

ကျွန်တော်ကတော့ ဇာဗီအလွန်ဆို ကသာ တကယ့်ကို မှန်ကန်တဲ့ အစားထိုးမှုလို့ ထင်ပါတယ်။ သူဟာ ကလပ် အကြောင်းကို ကောင်းကောင်း သိထားသူ ဖြစ်တဲ့အပြင် ပရိတ်သတ်တွေကလည်း သူ့ကို ချစ်ကြပါတယ်။ ဒါ့ကြောင့် သူဟာ အားလုံးရဲ့ ချစ်ခင်မှုကို ကလပ်ကို ရောက်လာမှာ ဖြစ်တဲ့အပြင် ကလပ်ကလည်း အောင်မြင်နေတဲ့ ကာလကို ဖြတ်သန်းနေပါတယ်။ လေဗာကူဆင်မှာ သူ လုပ်ပြထားခဲ့တာတွေကို ကြည့်လိုက်မယ် ဆိုရင် သူဟာ အဲဒီမှာ အောင်မြင်မှု ရထားတယ်လို့ ဆိုလို့ ရပါတယ်။ ဒါ့ကြောင့် အလွန်ဆို ကသာ အကောင်းဆုံး ရွေးချယ်မှု ဆိုတာ အသိသာကြီးပါ။

လီဗာပူး နည်းပြရာထူး အတွက် Candidates တွေ သိပ်အများကြီး မရှိပါဘူး။ တချိန်တုန်းကတော့ ဒီအလုပ်အတွက် အန်ဆယ်လော့တီ မော်ရင်ညို တို့ ရေပန်းစားခဲ့ပါတယ်။ အန့်ခ်ျပိုစတီကိုဂလူးဟာ ထိပ်တန်း မန်နေဂျာ တစ်ဦးပါ။ ဒါပေမဲ့ သူဟာ စပါးကို ပြီးခဲ့တဲ့ နွေရာသီကမှ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးကိုသာ သူ ပြောင်းလာခဲ့မယ်ဆိုရင် ဒါဟာ တကယ့်ကို အံ့အားသင့်စရာ ဖြစ်လာမှာပါ။ ဇာဗီအလွန်ဆို ကသာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ်” လို့ ဆိုလိုက်ပါတယ်။

Source : fourfourtwo.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဇာဗီအလွန်ဆို #ဒီဇာဘီ #ပိုစတီကိုဂလူး #လီဗာပူးနည်းပြသစ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

  • I am uncertain of the source from which you obtain your information; however, the subject matter is commendable. I require further study or comprehension in this area. Your magnificent information was precisely what I was seeking for my mission.

Leave a Reply

Your email address will not be published. Required fields are marked *