ဒိုင်လူကြီးရဲ့ ကြီးမားတဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်‌ကောင်း ယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်လိုက်တဲ့ ဝါရင့် ဒိုင်လူကြီးဟောင်း

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း Mark Clattenburg က နော်တင်ဟမ်ဖောရက်စ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး ပေါလ်တီယာနေး ရဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်ကောင်းယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပြောကြား လိုက်ပါတယ်။

လီဗာပူး အသင်းဟာ တိုက်စစ်မှူး ဒါဝင် နူးနက်ဇ် ရဲ့ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ နော်တင်ဟမ်ဖောရက်စ် အသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကနေ လေးမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်း ရဲ့ အနိုင်ဂိုးမှာ အငြင်းပွားစရာအနေအထား တစ်ခုရှိနေပြီး ကိုနာတေး ဒဏ်ရာရနေချိန်မှာ ပွဲကိုခဏရပ်ထားခဲ့ပြီး ပြန်စချိန်မှာ လီဗာပူးအသင်းထံ ဘောလုံးပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲမရပ်နားခင်မှာ ဘောလုံး ပိုင်ဆိုင်မှု ယူထားနိုင်သူဟာ နော်တင်ဟမ်ဖောရက်စ် အသင်း ကစားသမား အိုဒွိုင်းဖြစ်တာကြောင့် လီဗာပူး အသင်းထံ ဘောလုံးပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့ရတာပါ။

အဆိုပါ အဖြစ်အပျက် နဲ့ ပတ်သက်ပြီး Mark Clattenburg က “ဥပဒေ က တကယ့်ကို ရှင်းရှင်းလေးပါပဲ။ ကစားသမား တစ်ဦးဦး ဦးခေါင်း ဒဏ်ရာ ရနေချိန်မှာ ဒိုင်အနေနဲ့ ပွဲကို ရပ်နားပိုင်ခွင့်ရှိပါတယ်။ ပြီးရင်တော့ ဘောလုံး ပိုင်ဆိုင်မှု ရထားတဲ့အသင်းကို ဘောလုံးပြန်ပေးရပါမယ် ၊ နော်တင်ဟမ် ဖောရက်စ် က ဘောလုံး ရထားတယ် ဆိုတာ အရှင်းကြီးပါ”

“နော်တင်ဟမ်ဖောရက်စ် အသင်း အနေနဲ့ ဘောလုံး ပြန်ရသင့်ပါတယ် ၊ ဒါဆိုရင် ပွဲက လုံးဝ ခြားနား သွားမှာပါ ၊ အခုက လီဗာပူး ကို ဘောလုံး ပေးလိုက်တယ် ၊ အဲ့ဒီကနေ တိုက်စစ်ဆင်ပြီး ဂိုးရသွားတာပါ။ ဆုံးဖြတ်ချက် အပေါ် ဖောရက်စ် အသင်း တာဝန်ရှိသူတွေ မကျေမနပ် ဖြစ်နေကြတာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ ၊ ဆုံးဖြတ်ချက် က ဖောရက်စ် အသင်းအတွက် ဆန့်ကျင်ဘက် ဖြစ်ခဲ့တာတော့ အမှန်ပါပဲ ” လို့ ပြောကြား သွားခဲ့ပါတယ်။

Source : sportsmax.tv

#jdbkx.com #အားကစားသတင်း #နော်တင်ဟမ်ဖောရက်စ် #လီဗာပူး #Mark Clattenburg   #Online  #Games  #Myanmar  #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *