မန်စီးတီး နဲ့ အာဆင်နယ် ပွဲမှာ ပထမဆုံးဂိုးသွင်းမဲ့ ကစားသမား ၊ ဂိုးရလဒ် ကို ခန့်မှန်းသုံးသပ်လိုက်တဲ့ ဒေးဗစ်ဆီးမန်း

ဂန်းနား ဂန္တဝင်ဂိုးသမား ဒေးဗစ်ဆီးမန်း က ဒီတစ်ပတ် မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟက်မှာ အာဆင်နယ်အသင်းဟာ သရေတစ်မှတ် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေပြီး ဂန်းနားတို့ဆီမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအပေါ် ကြောက်ရွှံရှိန်နေစိတ် လုံးဝမရှိတော့ကြောင်း ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ကတော့ အာဆင်နယ်အသင်းအပေါ် ယုံကြည်မှု လုံးဝရှိပါတယ်။ မနှစ်က ကြုံတွေ့ခဲ့တာတွေနဲ့ ဒီနှစ်ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကြောင့်ပါ။ အခုအချိန်မှာ အသင်းအပေါ် ပိုပြီး ယုံကြည်မှုရှိလာပါပြီ ၊ မနှစ်တုန်းက အသင်းရဲ့ ကစားပုံအပေါ် စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်။ မနှစ်က အီတီဟက်မှာ ကျွန်တော်တို့ သင်ခန်းစာတွေ ရခဲ့ပါတယ်”

“ဒီတစ်ခေါက်တော့ ကျွန်တော်တို့ မနှစ်က အတွေ့အကြုံတွေကနေသင်ယူပြီး ဒီထက်ပိုကောင်းအောင် လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အနိုင် သို့မဟုတ် သရေ ရအောင် ကစားနိုင်မှာပါ ၊ အဓိကကတော့ မန်စီးတီး ကို အမှတ်‌တွေ မပေးလိုက်မိဖို့ပါပဲ။ ဘာကြောင့်လဲတော့မသိပေ‌မဲ့ အီတီဟက်မှာ အာဆင်နယ် အသင်း တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ခံစားမိနေပါတယ်”

”ကျွန်တော်တို့ ဒီရာသီမှာ လီဗာပူး ဆီကနေ လေးမှတ်ရထားတယ် ၊ မန်စီးတီး ဆီကနေ သုံးမှတ် ရထားပါတယ်။ ဒီလို ပွဲတွေကနေ ကျွန်တော်တို့ ယုံကြည်မှု မြင့်မားလာမှာ အသေအချာပါပဲ ၊ ဒီနှစ်မှာ သူတို့ကို အနိုင်ရထားတော့ အရင်ကရှိနေခဲ့တဲ့ အကြောက်တရားကလည်း လုံးဝမရှိတော့ပါဘူး။ အသင်းတစ်သင်းကို အနိုင်မရဘူးဆိုရင် ကိုယ့်စိတ်ထဲမှာ ကြောက်စိတ်က ကိန်းအောင်းနေတတ်ပါတယ်”

“ဒါကြောင့်လည်း ကျွန်တော်ယုံကြည်မှု ရှိနေတာပါ။ သရေ ကျမယ်လို့ထင်နေပေမဲ့ သရေထက်ပိုတဲ့ရလဒ်ဆိုရင်လည်း အပိုဆုပေါ့ဗျာ။ အာဆင်နယ်အသင်း တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ရလိမ့်မယ်လို့ ထင်ပါတယ် ၊ အာဆင်နယ် အသင်း ဟားဗတ်ဇ် ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင်ဦးဆောင် ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : dailypost.ng

#jdbkx.com #အားကစားသတင်း #ဒေးဗစ်ဆီးမန်း #မန်စီတီး #အာဆင်နယ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *