မေဆင်မောင့် မန်ယူမှာ ရုန်းကန်နေရတဲ့ အကြောင်းအရင်းကို ရီယိုဖာဒီနန် သုံးသပ်ပြောဆို

ချဲလ်ဆီး အသင်းရဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကွင်းလယ်လူ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက် အတွင်း ငယ်ဘဝကလပ်ကို စွန့်ခွာကာ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပေါင် ၅၅-သန်း + အပိုဆုကြေး ၅-သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

မောင့်ဟာ ပြီးခဲ့တဲ့ ရာသီတဝက်ကျော်ကျော်ကို ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရကာ ၊ အသင်းသစ်ဆီ စတင်အခြေချတဲ့ ရာသီမှာလည်း ခြေစွမ်းတန်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ် ။ အသင်းရဲ့ ကစားဟန်ကွဲလွဲမှု ၊ ယုံကြည်မှုကျနေခြင်းနဲ့ ဖိအားများတဲ့ ပတ်ဝန်းကျင်ဆီ ရောက်လာခြင်းက မောင့်ကို ယခင် ချဲလ်ဆီးက ပုံစံမျိုးရဖို့ အခက်တွေ့စေပါတယ် ။

စနေနေ့က ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ မောင့်ဟာ လူစားဝင်ခွင့်သာ ရခဲ့ပြီး ၊ နိုင်ငံတကာ ပွဲကာလမတိုင်မီ ကစားမဲ့ လက်ကျန် ၂-ပွဲမှာလည်း ပွဲထွက်ခွင့်ရဖို့ မရေရာမှုတွေ ရှိနေပါတယ် ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်ကတော့ ချဲလ်ဆီးမှာ ဖူးဖူးမှုတ်ခံထားရတဲ့ မောင့်ဟာ သရဲနီတို့ထံမှာ ရုန်းကန်ရတာနဲ့ ဝေဖန်မှုတွေ စကြုံလာရတဲ့ ဖိအားဒဏ်ကို စတင်ခံစားနေရကြောင်း သုံးသပ်လာပါတယ် ။

ဖာဒီနန် က ” ချဲလ်ဆီးကို မလေးမစား လုပ်တာမဟုတ်ပေမဲ့ သူဟာ အဲဒီမှာ ရွှေချခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ ။ သူဟာ အဲဒီမှာ အကယ်ဒမီလူငယ် အဆင့်ကနေတက်လာခဲ့တာပါ ။ သူ့အပေါ် အဲဒီမှာ မကောင်းပြောတာတွေ ၊ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ကြီးကြီးမားမား ဘယ်တော့မှ မရှိပါဘူး ။ ”

” သူ ဒီမှာ ရှိသင့်လား ? သူ ကောင်းမှမကောင်းတာ ၊ သူ ဒီမှာ ကစားသင့်လား ? စသဖြင့် ဝေဖန်တာမျိုးပေါ့ ။ သူဟာ ဘဝတစ်လျှောက် ဒီလိုမျိုး တခါမှ မကြုံဖူးပါဘူး ။ ဒါဘီမှာ ကစားခဲ့စဉ်က သူဟာ ဖရန့် ( လမ်းပတ် ) ဆီကနေ ထောက်ခံမှု လိုအပ်ခဲ့ပါတယ် ။ ”

” အဲဒီနောက် သူ ချဲလ်ဆီးကို ပြန်ခဲ့ပါတယ် ။ ဒါပေမဲ့ မန်ယူနိုက်တက်ကို ပြောင်းလာတဲ့အခါ ခင်ဗျားမှာ ဖိအားရှိလာပါတယ် ။ မတူညီတဲ့ ဖိအားပမာဏတချို့ ခင်ဗျားရဲ့ ပခုံးပေါ်ကို ကျလာပါတယ် ။ အရာတချို့ အဆင်မပြေဖြစ်လာတဲ့အခါ ဒီအသင်းလိုဂိုက ပိုပြီး လေးလံလာပါတယ် ။ ”

” သူဟာ ဒီဖိအားဒဏ်ကို မြင်နေရတယ် ၊ ကြားနေရပါတယ် ။ ကစားသမားတွေ အဖို့ အချိန်လိုတယ်လို့ပဲ ကျွန်တော်ထင်ပါတယ် ။ သူ့အနေနဲ့ ဒီကလပ်က မှန်ကန်တဲ့ နေရာတွေမှာ အခွင့်အရေး အပေးခံနေရဖို့ပဲ လိုပါတယ် ။ ဒါဆို မေဆင်မောင့်ဟာ မန်ယူနိုက်တက် ကစားသမားတစ်ယောက်အနေနဲ့ လောင်းကြေးထပ်စရာကောင်းတဲ့ မီးခဲ ဖြစ်လာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source: Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#jdbkx.com #အားကစားသတင်း #မေဆင်မောင့် #မန်ယူနိုက်တက်မှာရုန်းကန်နေရတဲ့အကြောင်းအရင်း #မန်ချက်စတာယူနိုက်တက် #ရီယိုဖာဒီနန် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *