ပက်ဂွာဒီယိုလာကို တောင်းပန်ရင်း ၊ ပွဲပြီးပြီးချင်း အန်သိုနီတေလာအပေါ် အပြေးအလွှား ပေါက်ကွဲခဲ့တဲ့ အကြောင်းကိုလည်း ရှင်းပြလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယားထိပ်က လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အပြန်အလှန် သွင်းဂိုးတွေနဲ့ ခြေရည်တူကစားကာ ၊ တစ်ဖက် ၄-ဂိုးစီ သရေ ရလဒ်နဲ့ တစ်မှတ်စီခွဲယူသွားခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ၃-ကြိမ်တိုင်တိုင် ရှုံးတဲ့ အနေအထားကနေ လိုက်ကစားခဲ့ရပြီး ၊ လိုအပ်တဲ့အချိန်တွေမှာ ချေပဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးဆီကနေ သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ် ။ နိုင်ငံတကာပွဲကာလမတိုင်ခင် အခုလို အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ လက်ရှိ ချန်ပီယံတွေကို ယှဉ်ကစားနိုင်ခဲ့တာက ခြင်္သေ့ပြာတို့ အတွက် ကျေနပ်အားရစရာ ဖြစ်မှာသေချာပါတယ် ။
ပွဲပြီးပြီးချင်းမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ကွင်းလယ်ဒိုင် အန်သိုနီ တေလာဆီသို့ ပြေးပြေးလွှားလွှား ရန်တွေ့အော်ဟစ်ခဲ့ပြီး ၊ အခြားသော ချဲလ်ဆီးနည်းပြ အဖွဲ့ဝင်တွေက လိုက်လံတားဆီးခဲ့လို့ အခြေအနေက အရမ်း ရုတ်ရုတ်သဲသဲ မဖြစ်သွားခဲ့တာကိုတွေ့ရပါတယ် ။ ဒါ့အပြင် ပိုချက်တီနိုဟာ ယင်းအပြုအမူကြောင့် တေလာထံမှ အဝါကတ် ပြသခံခဲ့ရပါတယ် ။ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ထိုအခြင်းအရာနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းရင်း ၊ အန်သိုနီတေလာကိုပါ တောင်းပန်စကား ဆိုသွားပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် အန်သိုနီနဲ့ စည်းကြပ်ဒိုင်တွေအပြင် စတုတ္ထဒိုင်ကိုပါ တောင်းပန်ဖို့လိုပါတယ် ။ အဲဒီအခိုက်အတန့်မှာ ရာဟင်းက ဘောလုံးရပြီး ပြေးထွက်သွားတာကြောင့် ၅-လုံးမြောက် သွင်းဂိုးရကောင်းရသွားနိုင်တာဖြစ်လို့ ပွဲသိမ်းခရာ မှုတ်ခဲ့တဲ့ အန်သိုနီကို ကျွန်တော်က ‘ What the … ´ ဆိုပြီး ဘာညာ လှမ်းပြောခဲ့ပါတယ် ။ ”

” နောက်ပြီး ကျွန်တော်က ‘ ဘာလို့ ခင်ဗျား ဒီအခိုက်အတန့်ကို ရပ်ပစ်လိုက်ရတာလဲ ? မင်းလုပ်ရပ်က မဟုတ်သေးဘူးကွာ ‘ ဆိုပြီး ထပ်ပြောခဲ့ပါတယ် ။ ပြီးမှ ကျွန်တော်က ‘ ငါ အဝါပြခံရဖို့ ထိုက်တန်ပါတယ် ‘ လို့ သူ့ကို ပြန်ပြောခဲ့ပါတယ် ။ ”
” ဟုတ်ပါတယ် ။ ကျွန်တော် ဘောင်ကျော်သွားခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ် ။ ဒါက ကျွန်တော့်အတွက် ၊ ဘောလုံးအတွက် ပုံရိပ်ကောင်းတစ်ခု ၊ အပြုအမူကောင်းတစ်ခုတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အန်သိုနီတေလာ အပေါ် အာရုံစိုက်လွန်းနေခဲ့တာကြောင့် ပိုချက်တီနိုဟာ ပွဲအပြီး မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာထံမှ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့တာကို ကျော်လွန်သွားခဲ့ပါတယ် ။ ဒီအပေါ် ပိုချက်တီနိုက ပက်ထံ အခုလိုပဲတောင်းပန်သွားပါတယ် ။ ပိုချက်တီနို က ” သူ့ကိုလည်း ကျွန်တော် တောင်းပန်ချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီအချိန် ကျွန်တော် စောဒကတက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် သူ လက်ဆွဲလာနှုတ်ဆက်တာ မမြင်ခဲ့လို့ပါ ။ ဒီအတွက် ပက်ကို ကျွန်တော် တောင်းပန်ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : DailyMail

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel

မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ပိုချက်တီနို #ပက်ဂွာဒီယိုလာ #အန်သိုနီတေလာ #ချဲလ်ဆီး #မန်စီတီး #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *