မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့ရတဲ့ အကြောင်းအရင်း

ချဲလ်ဆီးအသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့ကဲ့သို့ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ ခြင်္သေ့ပြာတို့ရဲ့ ခံစစ်ကစားပုံ ၊ ကွင်းလယ်ထိန်းချုပ်အား ၊ ဘောလုံးပေးပို့ပုံတွေ အတော်ဆိုးရွားခဲ့ပါတယ်။ အထူးသဖြင့် ဒီမတိုင်ခင် အသံမျိုးစုံထွက်ခဲ့တဲ့ မန်ယူနိုက်တက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ရေ ၃၀- နီးနီး ခွင့်ပြုခဲ့ရတာက ပိုချက်တီနိုရဲ့ ချဲလ်ဆီးအဖို့ အတော်စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

အသင်းခေါင်းဆောင် ကွင်းလယ်လူ ကော်နာဂေါ်လဂါ ပွဲပယ်ထိထားရုံနဲ့ ဒီလောက်ထိ ကစားကွက်ပျက်သွားတာက ချဲလ်ဆီးပရိသတ်တွေအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ရပါတယ်။ အနည်းဆုံးတော့ ရာသီဝက်လက်ကျန်ပွဲတွေမှာ ထိပ်သီးကလပ်တွေနဲ့ ရင်ဆိုင်စရာမကျန်တော့ဘဲ ခြင်္သေ့ပြာတို့အတွက် စိတ်သက်သာရာရစေတယ်လို့ ယူဆနိုင်ပါတယ်။

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက တနင်္ဂနွေနေ့က ဒုတိယပိုင်းတစ်ပိုင်းလုံး ၁၀-ယောက်တည်းနဲ့ ကစားခဲ့ရခြင်းနဲ့ နားရက်တစ်ရက်လျော့ရခဲ့ခြင်းက ၄င်းတို့အပေါ် ကြံ့ခိုင်မှု အနည်းငယ်အားနည်းစေခဲ့ကြောင်း ရှင်းလင်းလာပေမဲ့ အိမ်ရှင်ဖက်က အနိုင် ၃-မှတ်နဲ့ ထိုက်တန်တာကိုတော့ ဝန်ခံသွားပါတယ်။

ပိုချက်တီနို က “ပွဲအစပိုင်းက ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ပြိုင်ဖက်အသင်းဟာ ကြီးမားတဲ့ ခွန်အားစိုက်ထုတ်မှု ပြနိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ့က မိနစ် ၆၀-လောက် အထိ ၁၀-ယောက်တည်းနဲ့ ရေကုန်ရေခမ်းကစားခဲ့ရတာက ဒီနေ့ကျွန်တော်တို့ အသင်းအပေါ် သက်ရောက်မှု ရှိကောင်းရှိခဲ့နိုင်ပါတယ်”

“ဒါကြောင့် ကျွန်တော်တို့ လိုချင်သလိုပွဲကို မစတင်နိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုပွဲမျိုးကို သေချာဆန်းစစ် သုံးသပ်ကြည့်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်ဟာ ကျွန်တော်တို့ထက် နားရက်တရက် ပိုရခဲ့သလို ဒီမတိုင်ခင်က ပွဲမှာ ကျွန်တော်တို့ဟာ မိနစ် ၆၀-လောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ပါ ”

“ဒီအခြေအနေကြောင့် ကျွန်တော်တို့ဟာ ပွဲအစပိုင်းမှာ အနည်းငယ် ကစားအားပြတ်လပ်မှုရှိခဲ့ပါတယ်။ ကျွန်တော့် ခံစားချက်က ဒီနေ့မှာသူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရလဒ်အရသာမက ခြေစွမ်းပိုင်းအရလည်း စက်ဆုပ်ဖွယ်ကောင်းခဲ့တာကြောင့် အဝေးကွင်း ချဲလ်ဆီးပရိသတ်တွေဟာ ပိုချက်တီနိုနဲ့ ချဲလ်ဆီး အသင်းသားတွေကို ပွဲအပြီးမှာ boo လုပ်ခဲ့ကြပါတယ်။ ဒီအပေါ် ပိုချက်တီနိုက စိုးရိမ်ခြင်းမရှိဘဲ ဝေဖန်မှုကို လက်ခံကြောင်းတုံ့ပြန်လာပါတယ် ။

ပိုချက်တီနို က “ဒါက လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ် ၊ လအနည်းငယ်တုန်းကလိုပါပဲ။ ကျွန်တော်တို့ဟာ အမှတ်ပေးဇယား ရပ်တည်မှု တိုးတက်လာချင်ပါတယ်။ ဟုတ်ပါတယ်။ တစ်ချိန်တည်းမှာ နယူးကာဆယ်နဲ့ ပွဲမတိုင်ခင်အထိ ကျွန်တော်တို့ရဲ့ ကစားပုံကောင်းခဲ့သလို ၊ ဘရိုက်တန်နဲ့ ပွဲမှာလည်း ကောင်းကောင်းစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်”

“ဒါပေမယ့် ဒီနေ့မှာတော့ ရလဒ်က မျှတမှု ရှိပါတယ်။ အခြေအနေအရပ်ရပ် များလွန်းနေတာကြောင့် ကျွန်တော်အခု အနေအထားအပေါ် မစိုးရိမ်နေပါဘူး။ ကျွန်တော်တို့ ဘာလို့ မစွမ်းဆောင်နိုင်ခဲ့တာလဲဆိုတာ ခင်ဗျားတို့ ဝေဖန်ရပါမယ် ” လို့ ပြောကြားခဲ့ပါတယ်။

Source : standard.co.uk : notjustok.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ပိုချက်တီနို #အဲရစ်တမ်ဟဂ် #မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #အိုးလ်ထရက်ဖို့ဒ် #ရှုံးခဲ့ရတဲ့အကြောင်းအရင်း #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *