လာလီဂါကြယ်ပွင့် ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘီလ်ဘာအိုမြို့ ၊ အက်သလက်တက် အသင်း ရဲ့ ကြယ်ပွင့် နီကို ဝီလီယံ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသင်းက တိုက်စစ်ကစားသမား နှစ်ဦးကို ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ် လာခဲ့ပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဆာကာ ရဲ့ နေရာကို ဖာတေး နိုင်အောင် ၊ ဆာကာ နဲ့လည်း နေရာယှဉ်လုနိုင်မဲ့ တောင်ပံ ကစားသမားတစ်ဦးကို ခေါ်ယူချင်နေပြီး နီကို ဝီလီယံ ကို မျက်စိ ကျနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ကင်းထောက်တွေဟာ အသက် ၂၁ -နှစ် အရွယ် နီကို ဝီလီယံ ရဲ့ ခြေစွမ်းကို စောင့်ကြည့် ကင်းထောက်မှုတွေတောင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းဟာ အရင်တုန်းက‌ တောင်ပံပစ်မှတ် ဖြစ်တဲ့ ပက်ဒရို နက်တို ထက်တောင် နီကို ဝီလီယံ ကို သဘောကျနေတာပါ။ အာတီတာ ဟာ နီကို ဝီလီယံ ကို ခေါ်ယူဖို့ အတွက် အန်ကီးတီးယား နှင့် စမစ်ရိုးလ် တို့ကို ရောင်းထုတ်သွားဖွယ် ရှိတယ်လို့ Mirror က ဆိုပါတယ်။

နီကို ဝီလီယံ ဟာ ဒီရာသီမှာ ဘီလ်ဘာအို အသင်း အတွက် သုံးဂိုး သွင်း ၊ ခြောက်ဂိုး ဖန်တီးပေးထားပြီး လာလီဂါမှာ သူ့ထက်အောင်မြင်တဲ့ လိမ်ခေါက်ကျော်ဖြတ်မှုများတဲ့ ကစားသမားဆိုလို့ ဗင်နီးရှပ် တစ်ဦးသာ ရှိပါတယ်။

စပိန် လက်ရွေးစင် နီကိုဝီလီယံ ဟာ ပြီးခဲ့တဲ့နှစ်ကမှ အက်သလက်တက် အသင်း နဲ့ စာချုပ်သက်တမ်းတိုးထားသူဖြစ်တာကြောင့် စာချုပ် ဖျက်သိမ်း‌ကြေး ယူရို သန်း ၅၀- နဲ့ ခေါ်ယူ နိုင်မှာ ဖြစ်ပါတယ်။ နီကို ဝီလီယံ ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်းအပြင် ရီးရဲလ်မက်ဒရစ် ၊ အက်စတန်ဗီလာ ၊ လီဗာပူး တို့လည်း ပါဝင်နေပါတယ်။

Source : Goal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အာဆင်နယ် #နီကိုဝီလီယံ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *