အေစီမီလန်အသင်းကထွက်လာရတဲ့အကြောင်းကို ရင်ဖွင့်ခဲ့တဲ့ ပေါ်လိုမာဒီနီ

အေစီမီလန်အသင်းရဲ့ ဒါရိုက်တာ အဖြစ်ကနေ နှုတ်ထွက်လာခဲ့တဲ့ ဂန္ထဝင်နောက်ခံကစားသမားကြီး ပေါ်လိုမာဒီနီ ဟာ ကလပ် အသင်းအတွင်းမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ မာဒီနီ ဟာ အေစီမီလန်ကို စီးရီးအေချန်ပီယံဖြစ်လာအောင် ကူညီစွမ်းဆောင်ပေးခဲ့ပေမဲ့ မနှစ်က ရာသီတုန်းက အသင်းအကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်ရာကနေ လမ်းခွဲနှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ် ။

“ကျွန်တော် မီလန် ကို ချစ်မြတ်နိုးနေတုန်းပါပဲ။ ဒါပေမဲ့ ကလပ်အကြီးအကဲတွေအနေနဲ့ ကျွန်တော်တို့လို လူတွေကိုတန်ဖိုးထားဖို့သင့်ပါတယ် ။ အသင်း ဥက္ကဋ္ဌ က ကျွန်တော့်ကိုပြောဖူးပါတယ် ၊ ငါတို့မှာ ဘက်ဂျက် နည်းနည်းလေးပဲရှိတယ် ဆိုပြီးတော့ပါ ။ ပြီးတော့ ကျွန်တော်လည်းထွက်သွားရပြီးရော သူတို့ သုံးတဲ့ငွေက ၂ -ဆ လောက် ဖြစ်သွားပါရောဗျာ”

“သူတို့ UCL လိုချင်တယ်ဆိုလို့ အဲ့ဒီအတွက် အစီအစဉ်တွေ ကျွန်တော်ဆွဲပေးခဲ့တယ် ၊ ဒါပေမဲ့ ကျွန်တော့် နေရာကို အစားထိုးဖို့ စီစဉ်ထားပြီးသားဆိုတာ သူတို့ တစ်ခါမှထုတ်မပြောခဲ့ကြဘူး ။ ချားလက်စ် ဒီ ကိတ်လယ်ရီ ကို ခေါ်ယူမှုအတွက် ကျွန်တော့်ကို ဝိုင်းဝေဖန်ခဲ့ကြတယ် ၊ ဒါပေမဲ့ ရာဖေး လေယို ၊ သီယို ဟာနန်ဒက်ဇ် ၊ ဘန်နာကာ တို့ကိုခေါ်ခဲ့တာတွေ အတွက်တော့ ဂုဏ်ပြုစကားမပြောပေးခဲ့ကြဘူး”

“ဆန်ဒရို တိုနယ်လီ ကို ခေါ်ဖို့လုပ်တုန်းက အသင်း CEO ၊ ပိုင်ရှင်တွေ ၊ နောက်ဆုံးကင်းထောက်အဖွဲ့တွေနဲ့ပါ စကားများပြီး အချေအတင် လုပ်ခဲ့ရတာပါ ။ အခုသူတို့ နယူးကာဆယ် ကို ရောင်းထုတ်လိုက်ပါပြီ ။ ကျွန်တော်ခေါ်တဲ့ ဈေးထက် ၅ -ဆ ပိုများတဲ့ ပမာဏနဲ့ပါ”

“အခု အသင်းဘုတ်အဖွဲ့ က လူသစ်တွေနဲ့ဖြစ်နေပြီ ၊ ဒါပေမဲ့ အေစီမီလန်ဆိုတဲ့ အမည်နာမအပေါ်မှာ လေးစားမှုမရှိကြပါဘူး။ မီလန် ရဲ့ နာမည် ၊ မီလန် ရဲ့ သမိုင်းကြောင်းကို လေးစားပေးစေချင်ပါတယ် ။ စကာရိုနီ ( ဥက္ကဋ္ဌ ) က စီးရီးအေ ချန်ပီယံဖြစ်တုန်းက အပျော်ကြီးပျော်ပြီး အောင်ပွဲခံခဲ့တာပါ ။ ဒါပေမဲ့ ပွဲရလဒ်မကောင်းတဲ့နေ့တွေဆိုရင် ကွင်းထဲက အစောကြီး ပြန်သွားတဲ့နေ့တွေမနည်းပါဘူး ။ ဒါကို ကျွန်တော် သတိမထားမိဘူးလို့ ထင်နေသလားမသိပါဘူး”

“မက်ဆီ ဘာစီလိုနာကနေ ထွက်တုန်းကလည်း ကျွန်တော်တို့ ကြိုးစားခဲ့ဖူးပါတယ် ။ ဒါပေမယ့် PSG ကို မယှဉ်နိုင်ခဲ့ပါဘူး ။ အခု လက်ရှိ ကျွန်တော့ ခံယူချက်ကတော့ရှင်းပါတယ် ။ ဘယ် အီတလီ ကလပ် နဲ့မှ အလုပ်လုပ်ဖို့စိတ်ကူးမရှိပါဘူး ။ အီတလီ ပြင်ပက အခြား ထိပ်သီး အသင်းတသင်းသင်း ဖြစ်ချင်ဖြစ်လာနိုင်ပါတယ် ။ ဆော်ဒီ လား ? ဒါလည်း မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

Source : Sempremilan.com : Theathletic.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အေစီမီလန် #ပေါ်လိုမာဒီနီ #စီးရီးအေချန်ပီယံ #လူတွေကိုတန်ဖိုးထားသင့် #မက်ဆီ #PSGအသင်း #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *