ရိုးမားနဲ့ စာချုပ်သစ် ထပ်ချုပ်ချင်တယ်လို့ ပြောလာတဲ့ ဂျိုဆေးမော်ရင်ညို

အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့နီးစပ်နေတဲ့ နည်းပြချုပ် ဂျိုဆေးမော်ရင်ညိုက သူဟာ ဖြစ်နိုင်မယ် ဆိုရင် ရိုးမားနဲ့ စာချုပ်သစ် ထပ်ချုပ်ချင်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၆၀ -အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဂျိုဆေးမော်ရင်ညို ဟာ ၂၀၂၁-ခုနှစ်မှာ ရိုးမားကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူနဲ့ ရိုးမားရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမဲ့ ၂၀၂၄-ခုနှစ် ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

မော်ရင်ဟိုက ရိုးမားကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အသင်းကိုပြုပြင်ပြောင်းလဲမှုများစွာလုပ်ခဲ့သလို ကစားသမားကောင်း များစွာကိုလည်း အသင်းဆီပြောင်းလာအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး ယူရိုပါကွန်းဖရန့်လိဂ် ဆုဖလားကိုပါ အရယူပေးခဲ့ပါတယ်။

မော်ရင်ဟိုက ရိုးမားနည်းပြဘဝမှာ စုစုပေါင်း ၁၃၂-ပွဲ တာဝန်ယူနည်းပြခဲ့ရာ ၆၆-ပွဲ အနိုင်ရခဲ့ပြီး ၂၉-ပွဲ သရေကျခဲ့ကာ ၃၇-ပွဲသာ ရှုံးထားပြီး သူ့ရဲ့ ရိုးမားက အဆိုပါ ၁၃၂-ပွဲမှာ သွင်းဂိုး ၂၀၉-ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးကတော့ ၁၄၀-ဂိုးသာ ရှိခဲ့ပါတယ်။

မော်ရင်ဟိုက ရိုးမားကို အချိန်တိုအတွင်းမှာ စီးရီးအေရဲ့ ထိပ်သီးအသင်းတစ်သင်း ပြန်ဖြစ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့သလို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပ ဆုဖလားတစ်လုံး ပြန်လည်ရယူပေးနိုင်ခဲ့ပေမဲ့ ရိုးမားနဲ့ မော်ရင်ဟိုတို့ရဲ့ ကြားထဲမှာ အခုချိန်အထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးပါဘူး။

ဒါကြောင့်ပဲ မော်ရင်ဟိုက သူဟာ ရိုးမားကို မစွန့်ခွာချင်သေးကြောင်းနဲ့ ဖြစ်နိုင်ရင် ရိုးမားမှာပဲ ဆက်နေချင်ကြောင်း ထုတ်ပြောကာ သူ့ရဲ့ဆန္ဒကို ရိုးမားရဲ့တာဝန်ရှိသူတွေ သိအောင်ပြောပြခဲ့တာပါ။ မော်ရင်ဟိုက – “ကျွန်တော်က ရိုးမားမှာပဲ ဆက်နေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘဏ္ဍာရေးအခြေအနေကို ကြည့်ပြီး အစီအစဉ်တွေ ချမှတ်ရပါဦးမယ်။ ကျွန်တော်သာ ရိုးမားနဲ့ လမ်းခွဲခဲ့ရရင် အဲ့ဒါက ကျွန်တော့်ကို နာကျင်စေပါလိမ့်မယ်။ တကယ်လို့ အသင်းနဲ့ လမ်းခွဲရမယ် ဆိုရင်တောင် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင်း လမ်းခွဲရတာ မဟုတ်ဘူးဆိုတာကို နားလည်စေချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Source : apnews.com : football-italia.net

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဂျိုဆေးမော်ရင်ညို #ရိုးမားနည်းပြ #ရိုးမားနဲ့စာချုပ်သစ်ထပ်ချုပ်ချင် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *