GOAT ဘယ်သူလဲဆိုတာ ရွေးချယ်ပေးလိုက်တဲ့ ဟိုဆေးမော်ရင်ညို

လက်ရှိဘောလုံးအားကစားလောကမှာတော့ ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ဘောလုံး သမိုင်းကြောင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ခေါ်ဆိုငြင်းခုန် နေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရငညို ကတော့ GOAT ရွေးချယ်ရာမှာ တပည့်ဟောင်း စီရော်နယ်ဒို ၊ ပြိုင်ဖက်ဟောင်း မက်ဆီ ၊ ပီလီ နဲ့ မာရာဒိုနာ တို့ကို ကျော်ပြီး ရော်နယ်ဒို နာဇာရီယို ကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။

“Ronaldo Nazario ပါပဲ ။ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ဟာ ရှည်လျားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားနိုင်ခဲ့ကြပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ (၁၅) နှစ်အတွင်း နေ့စဉ်နေ့တိုင်း အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်လေ”

“ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပါရမီ နဲ့ စကေး အကြောင်းကိုပြောရရင် ဘယ်သူမှ ရော်နယ်ဒို (ဘရာဇီး) ကို မကျော်နိုင်ပါဘူး။ သူ ဘာစီလိုနာအသင်းမှာ ဘရိုင်ယန်ရော့ဘ်ဆင် နဲ့အတူ ရှိနေခဲ့စဉ်က ကွင်းထဲ ကျွန်တော်မြင်တွေ့ခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်”

“ဒဏ်ရာပြသနာက ဒီထက်အများကြီး ခမ်းနားလာနိုင်တဲ့ ကစားသမား ဘဝတစ်ခုကို ဖျက်ဆီးပစ်ခဲ့တာပါပဲ။ ဒါပေမဲ့ ပါရမီထူးကဲမှုအပိုင်းမှာ (၁၉) နှစ်သားအရွယ် အဲ့ဒီကောင်လေးဟာ မယုံကြည်နိုင်ဖွယ် ထူးကဲခမ်းနားလွန်းခဲ့ပါတယ်” လို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာ နဲ့ အေစီ မီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း ဖြစ်သူ ဇလာတန် အီဗရာဟီမိုဗစ် ကလည်း ရော်နယ်ဒို နဲ့ ပတ်သက်လို့…

“ကျွန်တော့်အတွက်တော့ ရော်နယ်ဒို က အခမ်းနားဆုံးပါပဲ။ သူဟာ ပီလီ လောက်ကို ကောင်းခဲ့ပါတယ်။ သူ့လို ကစားသမားမျိုး ရှိကိုမရှိပါဘူး။ ဘယ်သူကမှ ရော်နယ်ဒို လောက် ဘောလုံး နဲ့ ကစားသမား ဘဝအပေါ် လွှမ်းမိုးနိုင်မှု မရှိခဲ့သေးပါဘူး”

“ရော်နယ်ဒို ရဲ့ ပုံတွေကို ကျွန်တော့် အခန်းထဲကပ်ထားခဲ့ပါတယ်။ သူက ပြိုင်ဖက်တွေကို ကျော်ဖြတ်ပြရုံ ၊ ဂိုးတွေ သွင်းယူပြရုံတင် မဟုတ်ပါဘူး ၊ ရော်နယ်ဒို က level တိုင်းမှာ အလွန်တော်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တာပါ ။ ကျွန်တော် သူ့လိုကစားသမား ဖြစ်ချင်ခဲ့တာပါ ”

“သူက ကျွန်တော့်ရဲ့ ဟီးရိုးဖြစ်ခဲ့ပြီး online က တဆင့် ကျွန်တော် သူ့ရဲ့ ပညာတွေဆည်းပူးခဲ့တာပါ။ သူ့လိုမျိုး ရွေ့လျားမှုတွေ လုပ်နိုင်ဖို့ ကြိုးစားခဲ့တာပါ ။ သူ့လို လုပ်နိုင်ရင် ခမ်းနားတဲ့ကစားသမား ဖြစ်နိုင်မယ်လို့ ကျွန်တော်တွေးခဲ့တယ်လေ ” လို့ ဇလာတန် ကပြောခဲ့တာပဲ ဖြစ်ပါတယ်။

Source : Geotv.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #လီယွန်နယ်မက်ဆီ #ခရစ္စတီယာနိုရော်နယ်ဒို #မော်ရင်ညို #GOAT #အကောင်းဆုံးကစားသမား #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *