တမ်ဟဂ် အထုတ်ခံရနိုင်ခြေနဲ့ မန်ယူ – ချဲလ်ဆီး ပွဲရလဒ်အပေါ် ခန့်မှန်းသွားတဲ့ ပေါလ်မာဆင်

ယခုအပတ်ကြားရက်မှာ ဥရောပပြိုင်ပွဲတွေ ၊ ရှုံးထွက်ဖလားပွဲတွေအစား ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ -ယှဉ်ပြိုင် ကစားဖို့ ရှိရာ ၊ အိုးလ်ထရက်ဖို့ဒ်မှ မန်ချက်စတာယူနိုက်တက် – ချဲလ်ဆီး ပွဲဟာ ပရိသတ်တွေကို Big Match အဖြစ် စောင့်မျှော်လျက်ရှိပါတယ်။ ရလဒ်ပိုင်းလှုပ်ခတ်မှု မကြာခဏ ရှိတဲ့ ဒီ၂-သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ခန့်မှန်းရခက်ပြီး အိမ်ရှင်သရဲနီတို့ဟာ ရှေ့တစ်ပတ်လုံး ရလဒ်ဆိုးတွေနဲ့ ကျော်ဖြတ်ထားရပေမဲ့ ဧည့်သည် ချဲလ်ဆီးကတော့ ဘရိုက်တန်ကို ဒုတိယပိုင်း ၁၀-ယောက် အကျန်နဲ့ ရင်ဆိုင်ကာ အနိုင်ရလဒ် ဖော်ဆောင်ခဲ့ပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်နည်းပြ အဲရစ်တမ်ဟဂ်ရဲ့ အနာဂတ်ဟာ ဒီဇင်ဘာပွဲကြပ်ကာလအပေါ် ကြီးကြီးမားမားမူတည်နေပြီး မနက်ဖြန်ည ချဲလ်ဆီးနဲ့ ကစားမဲ့ပွဲကနေ ရလဒ်ကောင်းတစ်ရပ် အရင်ဆုံး စွမ်းဆောင်ပြနိုင်ဖို့ လိုနေပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ တမ်ဟဂ်ဟာ ရှေ့လာမယ့် ၃-ပွဲဆက် ရှုံးတာနဲ့ ရာထူးက အထုတ်ခံရနိုင်ကြောင်း သုံးသပ်ရင်း ၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အပြန်အလှန် သွင်းဂိုးတွေနဲ့ တဖက် ၃-ဂိုးစီ သရေကျမယ်လို့လည်း ခန့်မှန်းသွားပါတယ် ။

Sportskeeda နဲ့ တွေ့ဆုံရာမှာ မာဆင် က “စနေနေ့က နယူးကာဆယ်မန်ချက်စတာယူနိုက်တက်ပွဲဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ တစ်ဖက်သတ် အဆန်ဆုံး ပွဲတစ်ပွဲပါပဲ။ ဒါကို ကျွန်တော်အပိုလုပ်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒါက တကယ် ရှက်ဖို့ကောင်းခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေရဲ့ ကစားပုံနဲ့ ကြိုးစားအားထုတ်မှုအပေါ် ကျွန်တော်ရှော့ခ်ရမိပါတယ်”

“တစ်ဖက်မှာ ချဲလ်ဆီးကတော့ ဘရိုက်တန်နဲ့ ပွဲမှာ ရလဒ်ကောင်း ရှာဖွေနိုင်ခဲ့ပါတယ်။ ၁၀-ယောက်ပဲ ကျန်တော့တဲ့အချိန် သူတို့အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်မယ်လို့ ကျွန်တော်မထင်ခဲ့တာပါ ။ ဒါပေမဲ့ သူတို့ အနိုင် ၃-မှတ် အတွက် ခုခံသွားခဲ့ပါတယ်။ ဒီတော့ သူတို့ကို ချီးကျူးပါတယ်”

“ချဲလ်ဆီးဟာ အိုးလ်ထရက်ဖို့ဒ်ကို သွားပြီးဖွင့်ကစားမှာ ဖြစ်တာကြောင့် ဒါကစိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ချဲလ်ဆီးဟာ အခုအချိန်မှာ ပိုအထိုင်ကျလာတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ ။ သူတို့ဟာ ပုံသေ ပွဲထွက် ၁၁-ယောက်ကို သိနေပါပြီ ”

“နယူးကာဆယ်နဲ့ ပွဲကို ဖယ်လိုက်ရင် သူတို့ရဲ့ လတ်တလော ရလဒ်တွေက ကောင်းနေပါတယ်။ ခံစစ်ပြဿနာ အနည်းငယ်တော့ ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဘရိုက်တန်နဲ့ ပွဲမှာ သူတို့ ၁၀-ယောက်တည်းနဲ့ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်”

“မန်ချက်စတာ ယူနိုက်တက်ဟာ ဒီလိုပွဲမျိုးတွေမှာ ပြန်ထကြွတတ်တဲ့ အသင်းတစ်သင်းပါ ။ သူတို့ဟာ ရှေ့၂-ပွဲဆက် ရလဒ်ဆိုးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ခေါင်းတလုံးပေါ်စာ အသက်ရှူလို့ရမဲ့ အနေအထားမျိုး ဖန်တီးဖို့ ကြိုးစားလာမှာပါ”

“ချဲလ်ဆီး ၊ ဘုန်းမောက်နဲ့ ဘိုင်ယန်တို့ကို ဆက်တိုက်ရှုံးခဲ့ရင် ၊ တမ်ဟဂ် တစ်ယောက် မန်ယူနိုက်တက် နည်းပြရာထူးကို ဘယ်လိုထိန်းမှာလဲ ဆိုတာ ကျွန်တော်တွေးမရပါဘူး ။ ဘုန်းမောက်တော့ သူတို့ နိုင်လောက်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ ၁၆-သင်းအဆင့်ကို တက်ထားပြီး ဖြစ်တဲ့ ဘိုင်ယန်နဲ့ ပွဲမှာလည်း သူတို့ ရလဒ်ကောင်း ရနိုင်ပါတယ်”
“ချဲလ်ဆီးဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည် အရမ်းမကောင်းနေပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာလည်း ဖြစ်ချင်သလို ဖြစ်နေပါတယ်။ သူတို့ဟာ ဂါလာတာစာရေးကို ခပ်ပေါပေါပဲ ၃-ဂိုး ခွင့်ပြုခဲ့ပြီး ၊ နယူးကာဆယ်နဲ့ ပွဲမှာလည်း ၁၀-ဂိုးလောက် ပေးရနိုင်ခြေ ရှိခဲ့ပါတယ်။ ဒီတော့ ဒီပွဲကို ဂိုးပေါင်းများမဲ့ပွဲလို့ ကျွန်တော် မျှော်မှန်းပါတယ်၊ ၃ – ၃ ပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ပေါလ်မာဆင် #မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #အိုးလ်ထရက်ဖို့ဒ် #ဂါလာတာစာရေး #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *