ယနေ့ည လန်ဒန်ဒါဘီ ပဲလေ့စ် – ချဲလ်ဆီး ပွဲအပေါ် ခန့်မှန်းသွားတဲ့ ပေါလ်မာဆင်

ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ -နောက်ဆုံးပွဲ အဖြစ် ခရစ်စတယ် ပဲလေ့စ် အသင်းကို ဆဲလ်ဟာ့စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ ၊ ၅ ရက်ခန့်က ဆိုရင်တော့ ဒီပွဲဟာ နည်းပြရာထူးက အထုတ်ခံရဖို့ ရေပန်းစားနေတဲ့ လန်ဒန်မြို့ခံ ၂-သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ ဆိုရမှာဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ကြားရက်က ဗီလာကို ၁ – ၃ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲကြောင့်သာ မဟုတ်ရင် ၊ ၄င်းဟာ ယနေ့ည ပွဲမှာ ဖိအားဒဏ်နဲ့ အနီးကပ်ဆုံးနေရာသို့ ရောက်နေမှာ သေချာပါတယ်။

တစ်ဖက်မှာ ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဂ်ဆန်ကတော့ တန်းဆင်ဇုန်နဲ့ ၄-မှတ်အကွာပဲ လိုတော့တာကြောင့် ဒီပွဲဟာ ၄င်းနဲ့ ပဲလေ့စ်အတွက် အထူး အရေးကြီးတဲ့ ပွဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မတူညီတဲ့ပုံစံတွေနဲ့ ဖိအား ကိုယ်စီရှိနေကြတဲ့ ဒီလန်ဒန်ဒါဘီပွဲဟာ ဘယ်လို အဖြေထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေ မဟန်ပေမဲ့ ၊ ကြားရက်က အက်ဖ်အေဖလား နိုင်ပွဲအပြင် ပဲလေ့စ်မှာ အဓိကကစားသမား ၂ – ဦး ဒဏ်ရာ ရနေတာကြောင့် ခြင်္သေ့ပြာတို့ ယနေ့ညမှာ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ Sportskeeda နဲ့ တွေ့ဆုံရာမှာ ခုလိုပဲ ခန့်မှန်းသွားပါတယ်။

“ချဲလ်ဆီးဟာ ပျမ်းမျှ အသက် အရမ်းငယ်တဲ့ အသင်းတစ်သင်းပါ။ ဗီလာကို နိုင်ခဲ့တဲ့ ပွဲက ချဲလ်ဆီးရဲ့ ပွဲထွက်စာရင်းဟာ ပျမ်းမျှအသက် ၂၃ – နှစ်သာသာပဲ ရှိခဲ့ပါတယ်။ ခင်ဗျားဟာ လူငယ်ခြေတက် တစ်စုဆီကနေ ဒါမျိုးပဲ ရပါလိမ့်မယ်။ ခြေစွမ်း တည်ငြိမ်မှု ရဖို့ဆိုတာ အာမခံချက် မရှိပါဘူး ”

“သူတို့ဟာ ရှေ့တစ်ပတ်ကပဲ လီဗာပူး ၊ ဝုလ်ဗ်တို့ တစဆွဲဖြဲခြင်းကို ခံခဲ့ရပေမဲ့ ၊ ကြားရက်က ဗီလာနဲ့ ပွဲမှာတော့ မော်ရစ်စီယို ပိုချက်တီနို လက်ထက် အကောင်းဆုံးလို့ သတ်မှတ်ရမဲ့ ခြေစွမ်းမျိုး ပြသခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ခင်ဗျားဟာ ၃၈ – ပွဲလုံး ခြေစွမ်း တသမတ်တည်း ကစားပြနိုင်ရပါမယ် ”

“ဒါကြောင့် ချဲလ်ဆီးတို့ ဒီရာသီ ရုန်းကန်နေရတာပါ။ ဒါပေမဲ့ ပြည်တွင်း ရှုံးထွက်ဖလား ပွဲတွေမှာတော့ ခင်ဗျားဟာ ပွဲရှိတဲ့ နေ့မှာပဲ ပိုကောင်းတဲ့ အသင်း ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ အက်ဖ်အေဖလားရဲ့ နောက်ထပ် မြင့်မားတဲ့ အဆင့်တွေဆီ တက်ရောက်နိုင်ပါလိမ့်မယ်။ ”

“သူတို့ဟာ ကာရာဘောင်ဖလားမှာဆို ဗိုလ်လုပွဲဆီ ရောက်ထားပြီးပါပြီ ။ ဒါဟာ ကျွန်တော် ပါဝင်ကစားခဲ့တဲ့ ၁၉၉၃-ခုနှစ်က အာဆင်နယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့ဟာ ရှုံးထွက်ဖလား အသင်း ပုံစံမျိုး ဖြစ်တယ် ဆိုတာ ဖော်ညွှန်းနေတာပါ ”

“ပဲလေ့စ်ဖက်မှာတော့ အက်ဘာရက်ချီ အက်ဇေးနဲ့ မိုက်ကယ် အိုလီဆေးတို့ ဒဏ်ရာ ရထားကြပါတယ်။ ဒီတော့ ဒီပွဲမှာ ချဲလ်ဆီး အနိုင်က လွဲလို့ ကျန်တာ ကျွန်တော် ဘာမှမမြင်မိပါဘူး။ ပဲလေ့စ် ၀ – ၃ ချဲလ်ဆီးပါ ” လို့ ပြောကြားခဲ့ပါတယ်။

Source : thechelseachronicle.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ခရစ်စတယ်ပဲလေ့စ် #ချဲလ်ဆီး #အာဆင်နယ် #ပေါလ်မာဆင် #လန်ဒန်ဒါဘီ #Online #Games #Myanmar #OnlineGamesMyanmar

Loading

127 comments

Leave a Reply

Your email address will not be published. Required fields are marked *