မန်ချက်စတာယူနိုက်တက် ရှေ့တန်းလူတွေကို ဝေဖန်ပြောဆိုလိုက်တဲ့ စခိုး

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုး ဟာ မနေ့ညကပွဲအပြီးမှာ အသင်းဟောင်း ယူနိုက်တက်က ရှေ့တန်းကစားသမားတွေကို ဝေဖန်ပြောဆို သွားခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ မနေ့ညတုန်းက ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

အဆိုပါပွဲမှာ ယူနိုက်တက်တိုက်စစ်ဟာ ဂိုးမရရှိခဲ့ဘဲ ဒီလိုဖြစ်နေခဲ့တာ ၄ -ပွဲ ဆက်တိုက် ရှိလာခဲ့ပါပြီ။ ယူနိုက်တက် ဟာ ၂- နှစ် ဆိုတဲ့ အချိန်ကာလ အတွင်းမှာ အန်တိုနီ ၊ ဟွိုင်လန်း တို့လို ကစားသမားတွေကို ဈေးကြီးပေးပြီးခေါ်ယူအားဖြည့်ထားပေမဲ့ ဒီရာသီမှာ တိုက်စစ်စွမ်းဆောင်ရည်တွေ အတော်ကြီးဆိုးရွား ကျဆင်းနေခဲ့ပါတယ်။

“ဘောလုံးပွဲတစ်ပွဲမှာ ဂိုးသွင်းနိုင်ဖို့က အဓိကအကျဆုံးကိစ္စပါ။ မန်ယူနိုက်တက်မှာ ဒီပြဿနာရှိနေပါပြီ။ ၄ -ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘူး ၊ ဖန်တီးမှုတွေလည်း လုံလုံလောက်လောက် မလုပ်ပေးနိုင်ကြပါဘူး။ အသင်းတိုင်းမှာ ရုန်းကန်နေရတဲ့ ရှေ့တန်း ကစားသမား ၁- ယောက် ၊ ၂ -ယောက်လောက်က ရာသီတိုင်းလိုလို ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ရှေ့တန်းတစ်ဖွဲ့လုံးတော့ မဟုတ်ပါဘူး”

တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အသင်းကိုဆွဲတင်ပေး ၊ ကယ်တင်ပေးနေတာပါပဲ။ မန်ယူနိုက်တက် ရှေ့တန်းလူတွေကတော့ ဒီလို မဟုတ်ပါဘူး။ အခု သူတို့ကွင်းလယ်ကစားသမား ( တော်မီနေး ) ရဲ့ ဂိုးတွေ နဲ့ အသက်ဆက်နေရပါတယ်။ သူက အသင်းမှာ ဂိုးအများဆုံးသွင်းနေတဲ့သူပါ။ ဒါကိုက လွဲမှားနေတာပါပဲ”

“ရှေ့တန်းက တိုက်စစ်သမားတွေအနေနဲ့ ဂိုးရအောင် သွင်းပြီး ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ လိုအပ်နေပါပြီ။ ပြိုင်ဘက်ကိုလည်း ကြောက်ရွံ့စိတ်တွေ မွေးဖွားပေးနိုင်ရမှာပါ။ အခု မန်ယူနိုက်တက် က ဘာမှကြောက်စရာမကောင်းတဲ့ အသင်းတစ်သင်းလိုပါပဲ” လို့ ပေါလ်စခိုး က ပြောဆိုသွားခဲ့ ပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ခရစ္စမတ် ဘောက်ဆင်ဒေး နဲ့ နှစ်သစ်ကူး ကာလတွေမှာ အက်စတွန် ဗီလာ ၊ နော်တင်ဟမ် ဖောရက်စ် အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာပဲဖြစ်ပါတယ်။

Source : teamtalk.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မန်ချက်စတာယူနိုက်တက် #ဂန္ထဝင်ကွင်းလယ်လူပေါလ်စခိုး #ရှေ့တန်းလူတွေကိုဝေဖန်ပြောဆို #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *