ဒဏ်ရာက ပြန်လာပြီးနောက် ပထမဆုံးပွဲမှာ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်း အပေါ် ပက်ဂွာဒီယိုလာရဲ့ မှတ်ချက်

မန်စီးတီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းဟာ မနေ့ညက ကစားသွားတဲ့ ဟက်ဒါစ်ဖီးလ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ကာလရှည် တံကောက်ကြော ဒဏ်ရာကပြန်လာအပြီး ပထမဆုံးအကြိမ် လူစားဝင်ခွင့်ကို စတင်ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယမ် စူပါစတားဟာ ဒဏ်ရာကပြန်လာလာချင်းမှာပဲ စီးတီးအတွက် ချက်ချင်းဆိုသလို တစ်ဂိုး စတင် ဖန်တီးပေးသွားပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စီးတီး နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာက ဒီဘရိုင်း ပြန်လာနိုင်လို့ ဘယ်လောက်ထိ ဝမ်းမြောက်နေလဲ ဆိုတာ အခုလိုပဲမှတ်ချက်ပေးသွားပါတယ်။

“သူဟာ တကယ်ကောင်းတဲ့ မိနစ်တချို့ကို ကစားခဲ့ပါတယ်။ သူ့ကို ဒုတိယပိုင်းမှာ သုံးတာက ပိုကောင်းတယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။ ပြိုင်ဖက်ဟာ ပထမပိုင်းမှာ ခံစစ်အထူးပိတ်ဆို့ ကစားခဲ့သလို နေရာလွတ်တွေကလည်း အတော်လေး ရှာရခက်ခဲခဲ့တာကြောင့် ဒုတိယပိုင်းမှ ကျွန်တော်တို့ နေရာလွတ်ပိုရခဲ့ပါတယ်”

“ရှေ့က သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောခဲ့သလိုပါပဲ ၊ ကယ်ဗင်ဟာ နောက်ထပ်လေ့ကျင့်ရေးအစီအစဉ်တွေ ထပ်ပြီးဖြတ်သန်းဖို့လိုပါသေးတယ်။ ပွဲကစားခွင့်တွေထက်တောင်ပေါ့။ အခုတော့ နယူးကာဆယ်နဲ့ ပွဲဟာ သူ့ကိုအသုံးပြုဖို့ ကျွန်တော်တို့အတွက် နောက်ထပ်အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်”

“အဲဒီနောက် ၂-ပတ်ကြာ ထရိန်နင်ကာလ ဖြတ်သန်းရမှာ ဖြစ်ပြီး ၊ ဒုတိယရာသီဝက်အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ကြရပါမယ်။ ဒါပေမဲ့ ကယ်ဗင် ပြန်လာနိုင်တာ ကျွန်တော် အတော်လေးပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ခင်ဗျားကို နိုင်ပွဲ ရှာပေးနိုင်လို့ပါ။ ကယ်ဗင် ၊ ဟာလန်း ၊ ဖီးလ်ဖိုဒန် … ဒီကစားသမားတွေဟာ ကျွန်တော်တို့ အတွက် အရေးကြီးပါတယ် ”

“ဒီပွဲကနေ ကယ်ဗင်ဟာ ပရိသတ်တွေက သူ့အပေါ် ဘယ်လောက်ထိ ချစ်ကြလဲဆိုတာ ခံစားမိမှာဖြစ်သလို ၊ ဒီလို အပြန်အလှန် နားလည်မှုက ထာဝရ ရှိသွားမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပက်က ဒီဘရိုင်း အပေါ် ဖိအားတွေ အများကြီးပေးမှာ မဟုတ်ဘူးလို့လည်း တုံ့ပြန်လာပါတယ်။

ဂွာဒီယိုလာ က “ကယ်ဗင်ဟာ ကျွန်တော်တို့မှာ ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အတူတကွ မရှိနေသ၍ အောင်ပွဲတွေရမှာ မဟုတ်ပါဘူး။ ကယ်ဗင်ဟာ သူ့ရဲ့ အရည်အချင်းတွေနဲ့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ သူဟာ ဖိအားဒဏ်တွေကို ကိုင်တွယ်နိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သိပါတယ် ”

“ဒါပေမဲ့ ကယ်ဗင်ရဲ့ ပခုံးပေါ်မှာ ကျွန်တော် ဖိအားတွေ မတင်ပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သူ့အတွက် မျှတမှုမရှိလို့ပါ။ သူ့မှာ ရှာဖွေရခက်ခဲတဲ့ စပါယ်ရှယ် အရည်အသွေး တစ်ခုရှိပါတယ်။ ကျွန်တော်တို့ဟာ သူ့အကြောင်းအချိန်အကြာကြီး သိထားတာပါ”

“ကျွန်တော်တို့မှာ အာလင်း ဖီးလ်ဘော့ဘ်ဒိုကူနဲ့ မက်တဲယက်စ်တို့လို ပြိုင်ဖက် ခံစစ်ဆီ တိုးဝင်ပြေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ သူတို့အတွက် ဘောလုံးဖြန့်ပေးနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ကယ်ဗင်ဟာ ဒီနေရာမှာ တမူထူးခြားအောင် တော်ပါတယ် ”

“ဒါကြောင့် ဒဏ်ရာကနေ ၃ ၊ ၄-လ အကြာ သူ ပြန်လာနိုင်တာ ၊ ဒီနေ့မှာ စိတ်သစ်ကိုယ်သစ်နဲ့ မိနစ်တချို့ ကစားပေးနိုင်ခဲ့တာ ၊ ၅-ဂိုးမြောက် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝမ်းမြောက်ကျေနပ်မိတာပါ” လို့ ပြောကြားခဲ့ပါတယ်။

Source : BBC.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ကယ်ဗင်ဒီဘရိုင်း #ပက်ဂွာဒီယိုလာ #မန်စီတီး #ဟက်ဒါစ်ဖီးလ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

10 comments

  • Wow Thanks for this review i find it hard to come across really good facts out there when it comes to this subject material appreciate for the post website

  • Wow Thanks for this piece of writing i find it hard to get decent tips out there when it comes to this blog posts appreciate for the review website

  • Wow Thanks for this post i find it hard to uncover exceptional answers out there when it comes to this subject material thank for the site website

  • Wow Thanks for this publish i find it hard to locate really good ideas out there when it comes to this blog posts appreciate for the information website

  • Wow Thanks for this site i find it hard to uncover good details out there when it comes to this blog posts thank for the post website

  • Wow Thanks for this thread i find it hard to come up with great important information out there when it comes to this subject matter thank for the information site

  • Wow Thanks for this page i find it hard to get good quality guidance out there when it comes to this material appreciate for the publish site

  • nice blog mate.. amazing content.. this one i search for. thank you

  • Wow Thanks for this write-up i find it hard to see awesome information out there when it comes to this topic appreciate for the post website

  • Wow Thanks for this article i find it hard to realize smart data out there when it comes to this content thank for the review website

Leave a Reply

Your email address will not be published. Required fields are marked *