ချဲလ်ဆီး စတား ၃-ဦးရဲ့ ခြေစွမ်းအပေါ် အကဲဖြတ်သုံးသပ်သွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယားအတွင်း ၄င်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတဲ့ နယူးကာဆယ် အသင်းကို ၃ – ၂ ရလဒ်နဲ့ အနိုင်ရပြီး ၊ အထက်က ဥရောပဝင်ခွင့် ပြိုင်ဖက်တွေနဲ့ ရမှတ်ကွာဟချက်တချို့ လျှော့ချနိုင်ခဲ့ပါတယ်။

ရှေ့တစ်ပတ်က ဘရန်းဖို့ဒ်ကို တစ်ဖက် ၂-ဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ဖိအားတွေအောက်ရောက်လာပြန်တဲ့ မော်ရစ်စီယို ပိုချက်တီနို နဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာ ပရိသတ်တွေ အနည်းငယ် စိတ်ကျေနပ်လောက်စေမဲ့ တုန့်ပြန်မှုမျိုးပြခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

နည်းပြဆီကသာမက ၊ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာလည်း လူစားဝင်ခွင့်ကနေတစ်ဆင့် အာဆင်နယ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပေါက် ပြန်ရှာတွေ့နိုင်ခဲ့ပါတယ်။

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက မူဒရစ် အနေနဲ့ ရှေ့လျှောက် ပွဲကစားခွင့်တွေဆက်တိုက်ရဖို့ ဘာတွေလုပ်ရမလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ကာ ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန် ဖြေကြားလာပါတယ်။

ပိုချက်တီနို က “ဒါက အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးပါ။ သူဟာ တကယ်ကောင်းတဲ့ ဂိုးတစ်ဂိုးကို သွင်းယူခဲ့တာပါ။ အရန်ခုံကနေ လူစားဝင်ခွင့် ရတဲ့ ကစားသမား တစ်ယောက်ဆီကနေ ဒါမျိုး ကျွန်တော်တို့ မျှော်မှန်းပါတယ်။ ပွဲအပေါ် သက်ရောက်မှု တစ်ခုခုပေါ့။ ဒါဟာ ဒီနေရာအတွက် မတူညီတဲ့ ကစားသမားတွေ ပြိုင်ဆိုင်ကြခြင်းပါပဲ”

“ဒီနေ့ပွဲမှာ သူ ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ လူစားဝင်ခွင့်နဲ့လည်း ထိုက်တန်ခဲ့ပါတယ် ။ ကျွန်တော့်ထက်စာရင် ဒါက သူ့ကိုမေးဖို့ ပိုသင့်လျော်မဲ့ မေးခွန်းမျိုးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာ အထောင်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာလည်း ဒီရာသီ ပထမဆုံးအကြိမ် ၃-ပွဲဆက် ဂိုးသွင်းယူလာနိုင်ခဲ့ပါတယ်။

ဂျက်ဆင်ရဲ့ ခြေစွမ်း အပေါ် ပိုချက်တီနို က “ဟုတ်ပါတယ်။ ဒီကစားသမားတွေဟာ အင်္ဂလန်ပြင်ပကနေ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရောက်လာကြတာကို ကျွန်တော်တို့ နားလည်ဖို့ လိုပါမယ်။ သူတို့ဟာ ပရီးမီးယားလိဂ်အကြောင်း အရင်သိဖို့လိုပါတယ်။ နောက်ပြီး သူတို့ဟာ ကိုယ့်အသင်းဖော်တွေ စွမ်းဆောင်ပြဖို့လိုတယ် ဆိုတာလည်း သိရပါမယ်”

ဒါပေမဲ့ သူ ဒီနေ့ပွဲမှာ အမှန်တကယ် ခြေစွမ်းပြခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုက အမြဲရှိနေတာပါ။ သူ့ရဲ့ pressing တွေ ၊ လုပ်အားနှုန်းတွေက ကြီးမားပါတယ်။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိနေပြီး ၊ ပိုများတဲ့ ပွဲအရေအတွက်တွေ ကစားလာတာနဲ့အမျှ အတွေ့အကြုံတွေနဲ့ အတူ ဂိုးပေါက်ရှေ့မှာ သူ ပိုပြီးတည်ငြိမ် ၊ အဆုံးသတ်ကောင်းလာမှာပါ”

“သူ့မှာ လုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ဒါပေမဲ့ သူဟာ ချဲလ်ဆီးအတွက် ဂိုးအများကြီး သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော် ရှေ့ဆက်ယုံကြည်နေဖို့ လိုပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အဆုံးမှာတော့ ပိုချက်တီနိုက ဒီရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ နယူးကာဆယ်နဲ့ ပွဲက ဒုတိယသွင်းဂိုးရှင် ကိုးလ်ပါလ်မာရဲ့ စွမ်းဆောင်ရည် အပေါ် အခုလို အကဲဖြတ်သုံးသပ်ခဲ့ပါတယ်။

ပိုချက်တီနို က “ဒီမှာကြည့်ပါ ။ သူ ဒီမှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြနေပါတယ်။ သူဟာ ဒီကို အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးရက်မှ ရောက်လာခဲ့ပေမဲ့ အသင်းနဲ့ နည်းပြ အဖွဲ့ရဲ့ တောင်းဆိုမှုတွေကို သူ လွယ်လွယ်ကူကူပဲ အံကိုက်အောင် ကစားပြနေပါတယ်”

“သူဟာ ကိုယ့်ရဲ့ အရည်အသွေး အစစ်အမှန်ကို ထုတ်ဖော်ပြသနေပြီး ၊ သူ့လို ကစားသမားမျိုး အသင်းမှာ ပိုင်ဆိုင်ခွင့်ရတာ ကောင်းပါတယ်။ အရင်တုန်းက ဒီအသင်းမှာ ပျောက်ဆုံးနေတဲ့ ချိတ်ဆက်မှုတွေကို သူ လုပ်ပြနေပါတယ်။ နေ့တိုင်း သူဟာ ပိုပိုပြီး ရင့်ကျက်လာပါတယ်။ သူ့မှာ တိုးတက်နိုင်စရာတွေ ရှိနေသေးပေမဲ့ ၊ ခုချိန်ထိ တကယ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေဆဲပါ ” လို့ ပြောကြားခဲ့ပါတယ်။

Source : chelseafc.com

#jdbkx.com #အားကစားသတင်း #ပိုချက်တီနို #ချဲလ်ဆီး #နယူးကာဆယ် #SlotandFish #SportsGames  #Online  #Games  #Myanmar   #OnlineGamesMyanmar

Loading

2 comments

  • Joint Plus CBD reviews

    Thank you for reaching out!

  • I have been surfing online more than three hours today, yet I never found
    any interesting article like yours. It is pretty worth enough for me.
    In my view, if all webmasters and bloggers
    made good content as you did, the net will be a lot more
    useful than ever before.

Leave a Reply

Your email address will not be published. Required fields are marked *