အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့အကောင်းဆုံး အသင်းဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ ဒီဇာဘီ

ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီ ကတော့ အမ်းမရိတ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ရပြီးနောက် အာတီတာ ရဲ့ အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်မှာ ဘရိုက်တန် အသင်းကို ‌ခြေစွမ်းပိုင်းအသာစီး ၊ ဂိုးပေါက်ခြိမ်းခြောက်မှုများစွာပြုလုပ်ပြီး ဂျေးဇု ၊ ဟားဗတ်ဇ် တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ အာဆင်နယ်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဒီရာသီပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်တဲ့ ပွဲလည်းဖြစ်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဘရိုက်တန် နည်းပြ ဒီဇာဘီ က “အာဆင်နယ် က ကျွန်တော်တို့ အသင်းထက်အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့ အနိုင်ရဖို့ လုံးဝထိုက်တန်ပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ တိုက်စစ်ဆင်မှုကို အလူးအလဲခံစားခဲ့ရတာပါ ”

“အာဆင်နယ် က အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ ၊ ဒီရာသီ အကောင်းဆုံး အသင်းလို့တောင် ပြောလို့ရနိုင်ပါတယ်။ ဒီလိုပွဲမျိုး ကျွန်တော်တို့ ကြုံရလေ့ မရှိပါဘူး ၊ များသောအားဖြင့်က ကျွန်တော်တို့ကပဲ ပွဲကိုထိန်းချုပ် ကစားထားတာပါ” လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

Source : Caughtoffside.com : Mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အာဆင်နယ်အသင်း #လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး #ဘရိုက်တန်အသင်း #ရောဘတ်တိုဒီဇာဘီ #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

  • Thanks I have just been looking for information about this subject for a long time and yours is the best Ive discovered till now However what in regards to the bottom line Are you certain in regards to the supply

Leave a Reply

Your email address will not be published. Required fields are marked *