ပရီးမီးယားလိဂ် Title race ကို ခန့်မှန်းသွားခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေလိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေးအပေါ် စတင်သံသယဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ -ဂိုးစီ သရေကျကာ ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ မန်စီးတီးကိုကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

ပွဲစဉ် ၁၄ -အပြီးမှာ ထိပ်ဆုံး ၃ -သင်းကြား ၃ -မှတ်သာကွာနေပြီး ဗီလာ ၊ စပါး နဲ့ နယူးကာဆယ် တို့ကလည်း ထပ်ကြပ်မကွာ လိုက်နေပါတယ်။ မန်စီးတီးဟာ ရာသီအစက ပရီးမီးယားလိဂ် ၄- ကြိမ်ဆက် ဆွတ်ခူးရန် ရေပန်းစားနေခဲ့ပေမဲ့လည်း မန်ချက်စတာယူနိုက်တက်ဂန္ထ၀င် ရွိုင်ကိန်း ကတော့ အခုချိန်မှာ အခြားအသင်းတွေရဲ့ အမှတ်ပေးချန်ပီယံဖြစ်နိုင်မဲ့ အခွင့်အရေးကလည်း ပိုကောင်းလာခဲ့ပြီလို့ ယုံကြည်နေပါတယ်။

ကိန်းက “ကျွန်တော် မန်စီးတီးကိုဆန့်ကျင်ပြီးတော့ မလောင်းရဲတာသေချာပါတယ်။ ဒါပေမဲ့ မန်စီးတီးတို့ ဒီရာသီ အမှတ်ပေးဖလား ဆွတ်ခူးနိုင်မဲ့ အနေအထားနဲ့ပက်သက်ပြီး စတင်သံသယဖြစ်လာပါပြီ။ အမှတ်ပေးဖလားကို ၄-ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတဲ့ အကြာင်းရင်းတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ level ၊ ဒီဆာလောင်မှု ၊ ဒီဆန္ဒတွေကို ထိန်းထားရတာ မလွယ်လှသလို ဒဏ်ရာပြသနာတွေ ၊ အဓိက ကစားသမား တချို့ နာနေမှုတွေကလည်း ရှိလို့ပါ။

ဒါပေမဲ့ အာဆင်နယ် နဲ့ လီဗာပူးတို့ကို ကြည့်လိုက်တဲ့အခါမှာ အထူးသဖြင့် အာဆင်နယ်ဟာ အင်အားတောင့်တင်းမှုရှိနေသလို မနှစ်က title race မှာ အတွေ့အကြုံကောင်းလည်းရခဲ့ပါတယ်” လို့ ဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ကိန်းက စပါး အတွက် ကတော့ top 4 ၀င်ဖို့ဟာ သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကိန်းက “သူတို့ အနေနဲ့ အသင်းရဲ့ ကစားသမားကောင်း တချို့ကို ပြန်ရဖို့လိုပါတယ်။ သူတို့ ရာသီအစ တာထွက်ကောင်းခဲ့ပြီး ပြီးခဲ့တဲ့အပတ်တွေကတော့ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကစားပုံက ကောင်းခဲ့ပါတယ်။ ဇန်နဝါရီမှာ ကစားသမား ၁ -ယောက် ၂ -ယောက်လောက်လည်း ခေါ်သင့်ပါတယ်။

သူတို့ top 4 အတွက် ယှဉ်ပြိုင်နိုင်မှာလား? ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေမဲ့ သူတို့မန်နေဂျာကို ကျွန်တော် အတော်လေးသဘောကျပါတယ်။ သူ့ရဲ့ personality ဟာ ဒီအချိန်မှာ ကလပ်အတွက်အကူအညီ ဖြစ်နေပါတယ်။ Top 4 ဟာ သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပေမဲ့ စပါးဟာ ပြီးခဲ့တဲ့လတွေအတွင်း ကြီးကြီးမားမား တိုးတက်လာခဲ့ပါတယ်”

Source : Metro.co.uk : onefootball.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ရွိုင်ကိန်း #မန်ချက်စတာစီးတီး #ပရီးမီးယားလိဂ်Titlerace #အာဆင်နယ် #လီဗာပူး #မန်ချက်စတာယူနိုက်တက်ဂန္ထ၀င် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *