ယူရို ၂၀၂၄ မှာ ဘယ်အသင်း ချန်ပီယံ ဖြစ်လဲ တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပြူတာ

ယူရို ၂၀၂၄ မှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ

ယူရို ပြိုင်ပွဲကြီးစတင်ဖို့ ရက်ပိုင်းသာလိုတော့ပြီး ဒီနှစ်ပြိုင်ပွဲဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် စိတ်ဝင်စားဖို့အကောင်းဆုံးပြိုင်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ယူရို ၂၀၂၄- မတိုင်မီမှာ စူပါကွန်ပျူတာ ဟာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ ၊ ဘယ်အသင်းက ဖျက်မြင်းအသင်း ဖြစ်လာနိုင်သလဲဆိုတာ တွက်ချက် ခန့်မှန်းပေးသွားခဲ့ပါတယ်။

Opta ရဲ့ စူပါကွန်ပျူတာ ရဲ့တွက်ချက်မှု အရ ယူရို ၂၀၂၀ -မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အခွင့်အရေးအများဆုံးအသင်းဖြစ်နေပြီး ဗိုလ်စွဲနိုင်ချေ ၁၉.၉ ရာခိုင်နှုန်း အထိရှိပါတယ်။ အင်္ဂလန် ရဲ့ နောက်မှာတော့ ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်ထားတဲ့ ပြင်သစ်အသင်း ရှိနေပြီး ဗိုလ်စွဲ နိုင်ချေ ၁၉.၁ ရာခိုင်နှုန်း ရှိပါတယ်။

ယူရို အိမ်ရှင် ဂျာမနီအသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၁၂.၄ ရာခိုင်နှုန်းနဲ့ အင်္ဂလန် နှင့် ပြင်သစ် တို့ရဲ့နောက် တတိယ နေရာမှာရှိနေပါတယ်။ ဂျာမနီ ရဲ့ နောက်မှာတော့ စပိန်က ဗိုလ်စွဲ နိုင်ချေ ၉.၆ ရာခိုင်နှုန်း နဲ့ ရှိနေကာ ရော်နယ်ဒို ရဲ့ ပေါ်တူဂီ က ဗိုလ်စွဲ နိုင်ချေ ၉.၂ ရာခိုင်နှုန်း နဲ့ ရှိနေပါတယ်။

နယ်သာလန် အသင်းဟာ ဗိုလ်စွဲ နိုင်ချေ ၅.၁ ရာခိုင်နှုန်း နဲ့ ဆဋ္ဌမ နေရာမှာရှိနေကာ လက်ရှိချန်ပီယံ အီတလီအသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ရွှေရောင်မျိုးဆက်အလွန် ဘယ်ဂျီယံ အသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၄.၇ ရာခိုင်နှုန်း နဲ့ ရှိနေကာ ယူရို ၁၉၉၂ ချန်ပီယံ ဒိန်းမတ် ကတော့ ဗိုလ်စွဲ နိုင်ချေ ၂.၂ ရာခိုင်နှုန်း ရှိပါတယ်။

Source: 90min.com

#jdbkx.net #ယူရို၂၀၂၄ #စူပါကွန်ပျူတာ #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *