ရီးရဲလ် မက်ဒရစ်အသင်းအပေါ် ဘက်လိုက်ခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ အယ်မီရီးယား အသင်း

ရီးရဲလ်မက်ဒရစ်အသင်း နဲ့ ပွဲက အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက် ၃ -ခု နဲ့ ပတ်သက်ပြီး အယ်မီရီးယားအသင်းဟာ အတော်လေး ဒေါသထွက် ပေါက်ကွဲလျက်ရှိနေပါတယ်။ လာလီဂါ ရဲ့ အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ အယ်မီရီးယားအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ပထမပိုင်းအတွင်း နှစ်ဂိုးပြတ် အနိုင်ရနေခဲ့ပြီး ဒီရာသီ သူတို့ရဲ့ပထမဆုံး နိုင်ပွဲကို ရရှိဖို့ နီးစပ်နေခဲ့တာပါ။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂိုးတွေ ပြန်လိုက်သွင်းခဲ့ပြီး သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ရရှိအောင် ကစားသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အယ်မီရီးယား အသင်းဟာ သူတို့ရဲ့ အသင်းဝက်ဘ်ဆိုဒ်မှာ ကွင်းလယ်ဒိုင် နှင့် VAR တို့ဟာ သူတို့ရဲ့နိုင်ပွဲကို ဖျက်ဆီးလိုက်ကြောင်း ဝေဖန်ရေးသားသွားခဲ့ပါတယ်။

အယ်မီရီးယား နောက်ခံလူ Marc Pubill ကလည်း DAZN နဲ့ အင်တာဗျူးမှာ “ဒီကနေ့ ဘာနေဗျူး မှာ ကျွန်တော်တို့အသင်း နိုင်လို့မရဘူးလို့ တစ်ယောက်ယောက်က ဆုံးဖြတ်ထားတယ်လို့ ထင်ပါတယ်။ ဒီထက်လည်း ပိုမပြောချင်တော့ပါဘူးဗျာ” လို့ ဖြေကြားသွားခဲ့ပါတယ်။

အယ်မီရီးယား အသင်းဟာ ရီးရဲလ်မက်ဒရစ် နဲ့ ပွဲမှာ ပထမပိုင်းအတွင်း Largie Ramazani နှင့် Edgar Gonzalez တို့ရဲ့ဂိုးတွေ နဲ့ ဦးဆောင် နေခဲ့တာပြီး ဒုတိယပိုင်းမှာတော့ ဟိုဆေးလူ ရဲ့ ခေါင်းတိုက်ချက်ကို အယ်မီရီးယား ကစားသမား က လက်နဲ့ တားဆီးခဲ့တယ် ဆိုပြီး ရီးရဲလ်တို့ ပင်နယ်တီကန်သွင်းခွင့် ရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို ဘယ်လင်ဂမ် က အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့တာကြောင့် ရီးရဲလ်တို့ ချေပဂိုး တစ်ဂိုး စတင်ရရှိ ခဲ့ပါတယ် ။

အဲ့ဒီနောက် အယ်မီရီးယား တို့ နောက်ထပ်သွင်းဂိုး တစ်ဂိုး ထပ်သွင်းခဲ့ပေမဲ့ VAR က သွင်းဂိုး build-up မှာ လိုပီ ဟာ ဘယ်လင်ဂမ် ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ၆၇- မိနစ် အရောက်မှာတော့ ဗင်နီးရှပ် က ချေပဂိုး တစ်ဂိုးသွင်းယူခဲ့ပါတယ် ၊ အစောပိုင်းမှာ လက်ထိဘောဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့ပေမဲ့ ဒိုင်လူကြီးက မော်နီတာ ကို သွားကြည့်အပြီးမှာတော့ သွင်းဂိုးအဖြစ် ပြန်လည် ခွင့်ပြု ခဲ့ပါတယ်။ သရေ ရလဒ်ကလည်း ဧည့်သည်အသင်းအတွက် ကျေနပ်စရာ ရလဒ်တစ်ခု ဖြစ်နေသေးပေမဲ့ နာကျင်အချိန်ပိုမှာ ကာဗာဂျယ် က မက်ဒရစ်အတွက် အနိုင်ဂိုးထပ်မံသွင်းယူသွားခဲ့တာကြောင့် အယ်မီရီးယားတို့ အသည်းကွဲ သွားခဲ့ရပါတယ်။

Source : theathletic.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ရီးရဲလ်မက်ဒရစ် #အယ်မီရီးယား #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *