မန်ယူနိုက်တက် ကစားသမားတစ်ဦးသာ နေရာရနိုင်မယ်လို့ ဆိုလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က ယာဂန်ကလော့ ကိုင်တွယ်နေတဲ့ လက်ရှိလီဗာပူးရဲ့ ပွဲထွက် ၁၁ -ယောက်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သာ နေရာရနိုင်စွမ်းရှိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ ဘုန်းမောက်ကိုရှုံးခဲ့တဲ့အပြင် ကြားရက်မှာလည်း ဘိုင်ယန်ကိုရှုံးကာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာထားခဲ့ရတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ အသင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း တန်းဟတ်ရဲ့ အသင်းဟာ လီဗာပူးနဲ့ ၁၀- မှတ်အကွာမှာ ရှိနေပြီး ဆူးနက်က ဒီနှစ်သင်းရဲ့ ကစားသမားတွေကြား ကြီးမားတဲ့ ကွာဟချက်တွေရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ဆူးနက်က “တနင်္ဂနွေနေ့မှာ ၇-၀ ဆိုတာကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လီဗာပူးတို့ မန်ယူနိုက်တက်ကို နိုင်မယ်လို့တော့ ကျွန်တော်ယုံကြည်နေပါတယ်။ ဘာကြောင့်လဲ? ဘာလို့လဲဆိုတော့ လီဗာပူးဟာ နေရာတိုင်းမှာ ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေလို့ပါ။ မန်ယူနိုက်တက် အသင်းဘယ်သူ့ကို လီဗာပူးတို့ ခေါ်ချင်သလဲပြောပါ? ဘရူနိုဖာနန်ဒက်စ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူဟာ လီဗာပူး အသင်းရဲ့ စတား ပလေယာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဆီမှာ ထိပ်တန်းကစားသမား တစ်ဦးရဲ့အရည်အသွေးအားလုံး ရှိနေလို့ပါ။

ဘာပဲဖြစ်ဖြစ် သူဟာ လီဗာပူးနဲ့ ပွဲကို လွဲချော်မှာပါ။ ဒ့ါကြောင့် တနင်္ဂနွေ့နေ့မှာ မြင်တွေ့ရမယ့် Line-up ၂၂ -ဦးထဲက အကောင်းဆုံး ၁၁-ဦးဟာ လီဗာပူးဘက်မှာပဲ ရှိနေမှာပါ။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျနော် Sky မှာ လီဗာပူးနိုင်မယ်လို့ ပြောခဲ့တုန်းက လူတစ်ချို့ကရယ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ 7-0 တောင် ဖြစ်ခဲ့ပါတယ်။ ဂယ်ရီနဗီးရဲ့ ပြောဆိုချက်အရကတော့ လီဗာပူးဟာ အဲဒီနေ့က ကစားပုံမကောင်းခဲ့ပါဘူးတဲ့”

ဆက်လက်ပြီး ဆူးနက်က “လီဗာပူးမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ မန်ယူနိုက်တက်ကတော့ မက်တိုမီနေးကို အားကိုး နေရပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးပါ။ ကိုယ့်အသင်းမှာ ဂိုးသွင်းနိုင်တဲ့သူတွေ အများကြီး ရှိနေမယ်ဆိုရင် အပတ်တိုင်း အကောင်းဆုံးကစားစရာ မလိုပါဘူး။ လက်ရှိ လီဗာပူးဟာ ဒီလိုမျိုး ဖြစ်ပါတယ်။

လီဗာပူးဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရန် ရေပန်းစားနေတယ်လို့ ပြောချင်ပါတယ်။ ဖလားရခဲ့ဖူးတဲ့ ကစားသမားတွေလည်း ရှိတာကြောင့် ဒါဟာ ကြီးကြီးမားမားအကူအညီ ဖြစ်စေပါတယ်။ ဒ့ါကြောင့် သူတို့ဟာ ဖလားတိုက်ပွဲထဲ ရှိနေတာပါ။ သူတို့ဟာ ပြိုင်ဘက်တွေ အတွက် အရမ်းကို အန္တရာယ်ရှိတဲ့ အသင်းပါ။

မန်ယူနိုက်တက် ကတော့ ဘယ်အသင်းကိုမှ အနိုင်ယူနိုင်တဲ့ ခြေစွမ်း မရှိဘဲ top 7 ထဲ ရောက်နေပါတယ်။ သူတို့ထက် သွင်းဂိုးနည်းတာဆိုလို့ အောက်ဆုံး ၆ သင်းလောက်ပဲ ရှိမှာပါ” လို့ ပြောလိုက်ပါတယ်။

Source : dailymail.co.uk : liverpool.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဂရေမီဆူးနက် #လီဗာပူး #အဲရစ်တန်းဟတ် #ဘရူနိုဖာနန်ဒက်စ် #မန်ချက်စတာယူနိုက်တက် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *