ကွာတားဖိုင်နယ်မှာ အာဆင်နယ် အသင်းကို ရီးယဲလ်မက်ဒရစ် ၊ မန်ချက်စတာ စီးတီး အသင်းတို့နဲ့ မဆုံစေချင်တဲ့ အွန်နရီ

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေဟာ ရီးယဲလ်မက်ဒရစ် နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အဲ့ဒီနှစ်သင်းနဲ့ အာဆင်နယ် အသင်းကို မ‌တွေ့စေချင်ပေမဲ့ အသင်းတိုင်းကို လျှော့တွက်လို့ မရကြောင်း သီယာရီ အွန်နရီ က ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေအပြီးမှာ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားတဲ့ အသင်း ၈ -သင်း စလုံး ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပြီး စပိန် က သုံးသင်း ၊ အင်္ဂလန် က နှစ်သင်း ၊ ဂျာမနီ က နှစ်သင်း ၊ ပြင်သစ် က တစ်သင်း တက်လှမ်းလာခဲ့ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ ဒေါ့မွန် အသင်းကို အားအနည်းဆုံး အသင်းအဖြစ်မြင်သလား ဆိုတဲ့ မေးခွန်းကို အွန်နရီ က “ကျွန်တော်ကတော့ အခြေအနေ နှစ်ရပ်စလုံးနဲ့ ကြုံဖူးပါတယ်။ အာဆင်နယ်အသင်းမှာ ကစားစဉ်တုန်းက ကျွန်တော်တို့နဲ့ ရင်ဆိုင် မကစားချင်ကြတဲ့ အချိန်ရော ၊ ရင်ဆိုင်ကစားချင်ကြတဲ့ အချိန်ရော ဖြတ်သန်းခဲ့ဖူးပါတယ် ၊ ကျွန်တော်တို့နဲ့ သိပ်ပြီးမတွေ့ချင်ကြတဲ့အချိန်မှာ ကျွန်တော်တို့အဆင့်တွေ သိပ်မရောက်ခဲ့ပါဘူး။ ကျွန်တော်တို့နဲ့တွေ့ရင် ပွဲချောင်မယ်လို့ ပြောကြတဲ့နှစ်မှာတော့ ကျွန်တော်တို့က ဗိုလ်လုပွဲအထိကို တက်ခဲ့တာပါ ၊ အဲ့တုန်းက ကျွန်တော်ကိုယ်တိုင်လည်း အသင်းက အကောင်းဆုံးအနေအထားမှာ ရှိခဲ့တယ်လို့ မထင်ပါဘူး”

“ရီးယဲလ်မက်ဒရစ် နဲ့ ကန်ဖို့မဲကျတော့ အားလုံးက ရယ်မောနေကြတာကို ခုထက်ထိ မှတ်မိနေပါသေးတယ်။ သူတို့က ‘အာဆင်နယ် အသင်းနဲ့ တွေ့ချင်နေတာ ၊ ပွဲချောင်တယ်’ ဆိုပြီး ကို ပြောခဲ့တာပါ။ ယူဗီ နဲ့ ထပ်တွေ့တော့လည်း ယူဗီအတွက် အခြေအနေကောင်းတယ်လို့ ပြောကြတာပါပဲ ၊ နောက်တော့ ဗီလာရီးယဲလ် နဲ့ ‌‌တွေ့တော့လည်း အရှေ့ကအတိုင်းပဲ ပြောကြပြန်ပါတယ် ၊ အဲ့တုန်းက ဗီလာရီးယဲလ် က အသင်းကောင်း တစ်သင်းပါ။ ကျွန်တော်တို့ ဗိုလ်လုပွဲမှာတော့ အနိုင်မရခဲ့ဘူးပေါ့ဗျာ”

“ကျွန်တော် ဆိုလိုချင်တာက ဥရောပပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ အထင်သေး လျှော့တွက်လို့ မရဘူးဆိုတာပါပဲ။ အားလုံးထဲမှာ အထင်ရှားဆုံး ဖြစ်နေတဲ့ နှစ်သင်းကတော့ ရီးယဲလ်မက်ဒရစ် နဲ့ မန်စီးတီး ပေါ့ဗျာ ၊ မန်စီးတီး က အနိုင်ယူဖို့ သိပ်ကိုခက်ခဲတဲ့အသင်းလို့ မြင်ပါတယ်။ ကျွန်တော် ကစားသမား ဘဝမှာ အခြေအနေ အမျိုးမျိုးနဲ့ ကြုံဖူးပါတယ် ၊ တစ်ခါတလေမှာ ဒီအသင်းကို အနိုင်ရဖို့ လွယ်ပါတယ် ၊ အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ ထင်ကြပေမဲ့ အဲ့ဒီလို မဖြစ်လာတတ်ပါဘူး”

“လက်ရှိ ချန်ပီယံ မန်စီးတီး နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ၁၄ -ကြိမ် ဖြစ်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကလွဲရင် ကျန်အသင်းတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့် ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

#jdbkx.com #အားကစားသတင်း #သီယာရီအွန်နရီ #အာဆင်နယ် #ရီးယဲလ်မက်ဒရစ် #မန်စီတီး #Online  #Games  #Myanmar  #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *