ချဲလ်ဆီး ပရိသတ်တွေ အပေါ် တိုက်ခိုက်သွားတဲ့ သောမတ်စ်ဖရန့်

တမြန်နေ့ညက ကစားသွားတဲ့ အနောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းနဲ့ ဘရန်းဖို့ဒ် အသင်းတို့ တစ်ဖက် ၂-ဂိုးစီ သရေရလဒ်နဲ့ အတူ တစ်မှတ်စီ ခွဲဝေယူသွားကြပါတယ်။ ဒီပွဲမှာ ခြင်္သေ့ပြာတို့ရဲ့ ခြေစွမ်းဟာ ဒုတိယပိုင်းအတွင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ၊ အိမ်ရှင် ပျားတို့ နိုင်လုနီးနီး အနေအထားကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။

ပထမပိုင်းကို တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ၊ ဒုတိယပိုင်း ပြန်အစကနေ နာရီဝက်လောက် ကြာတဲ့အထိ ချဲလ်ဆီးတို့ ခြေစွမ်း ၊ ကြိုးစားအားထုတ်မှု ၊ ချိတ်ဆက် ကစားပုံ အဖက်ဖက်က နောက်ကျခဲ့ပြီး ၊ အိမ်ရှင်ရဲ့ ဖိအားပေးမှုကို တောက်လျှောက်ခံခဲ့ရပါတယ်။

ဒီအတွက်ကြောင့် ဘရန်းဖို့ဒ်တို့ ချေပဂိုးကို ပြန်ရှာတွေ့ခဲ့သလို ဦးဆောင်ဂိုးကိုပါ ပွဲပြီးခါနီး ၁၀-မိနစ် ဝန်းကျင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုအတောအတွင်း အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေဟာ သူတို့ရဲ့ အမျက်ဒေါသတွေကို Fan chant တွေမှတစ်ဆင့် ပွင့်ပွင့်လင်းလင်း ထုတ်ပြခဲ့ကြပါတယ်။

ယင်းသံပြိုင်သီဆိုမှုတွေမှာ တော့ဒ်ဘိုလီနဲ့ လက်ရှိ အသင်းပိုင်ရှင်တွေကို တိုက်ခိုက်ရင်း ၊ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ ၊ ပရိသတ်တွေ အထူးချစ်ရတဲ့ အသည်းကျော် မန်နေဂျာဟောင်း ဂျိုဆေး မော်ရင်ညိုတို့ရဲ့ အမည်တွေကို သီဆိုခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကိုလည်း ပရိသတ်တွေက ‘ F**k Mauricio ‘ လို့ ဆဲဆိုအော်ဟစ်ခဲ့ကြပါတယ်။ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ကတော့ ဒီလိုမျိုး ကိုယ့်နည်းပြ ကိုယ်ပြန်ဆဲခဲ့ကြတဲ့ ချဲလ်ဆီး ပရိသတ်တွေအပေါ် တုန့်ပြန်တိုက်ခိုက်ရင်း ၊ ပိုချက်တီနိုဖက်မှလည်း အခုလိုပဲ ကာကွယ်ပေးသွားပါတယ်။

ဖရန့် က “ဟုတ်ပါတယ်။ ဒါကြောင့် ကျွန်တော် အနည်းငယ် စိတ်ပျက်မိတာပါ ။ သူတို့ ဘာကိုမျှော်မှန်းနေကြလဲဆိုတာ မသိပါဘူး ။ ဒါပေမဲ့ ပရိသတ်တွေ ဆိုတာက လိုတာထက်ပိုပြီး မျှော်မှန်းကြမှာပါပဲ။ ခြုံပြောရရင် မော်ရစ်စီယိုကို သူ လုပ်ပြထားတဲ့ ၊ လုပ်ပြနေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းလေးစားပါတယ် ”

“ကိုယ့်အသင်းအကြောင်း ထုတ်ပြောတဲ့ နေရာမှာ ခင်ဗျားဟာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေပဲ အမြဲပြောမှာပါ။ နောက်ပြီး ဘယ်နေရာတွေမှာ ဘာလွဲနေလဲ ၊ ဘာလိုနေလဲ ဆိုတာ ထောက်ပြရပါတယ်။ ပြီးမှ ဝေဖန်ရေး အကြောင်းအရာတွေကို ဆက်ရမှာပါ”

“အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ အသင်းနဲ့ ချဲလ်ဆီးဟာ xG ( မျှော်မှန်းထားတဲ့ ပျမ်းမျှ ဂိုးအရေအတွက် ) ၊ အခွင့်အရေး ၊ ပျမ်းမျှရမှတ် စတဲ့ အချက်အလက်အရ ကံအဆိုးဆုံးအသင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဒီနှစ်ဘောလုံး ရာသီ တလျှောက် ကံဆိုးနေခဲ့တာပါ ”

“လီဗာပူးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာလည်း သူတို့ အတော်လေး ကံမကောင်းခဲ့လို့ ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ အဲဒီပွဲမှာ သူတို့ အကြီးမားဆုံးသော အခွင့်အရေးတွေ ရခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ခေါက် သူတို့နဲ့ ရင်ဆိုင်ခဲ့တုန်းက သူတို့ဟာ ပိုကောင်းတဲ့ နေရာမှာ ရှိနေတယ် ၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်နေတယ်လို့တောင် ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဒီတော့ သူတို့ ဒီအတိုင်း ရှေ့ဆက်ဖို့ပဲ လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : football.london

#jdbkx.com #အားကစားသတင်း #ဘရန်းဖို့ဒ် #ချဲလ်ဆီး #သောမတ်စ်ဖရန့် #မော်ရစ်စီယိုပိုချက်တီနို  #ဂျိုဆေးမော်ရင်ညို #ရိုမန်အေဘရာမိုဗစ်ခ်ျ #Online   #Games  #Myanmar  #OnlineGamesMyanmar

Loading

One comment

  • I do trust all the ideas youve presented in your post They are really convincing and will definitely work Nonetheless the posts are too short for newbies May just you please lengthen them a bit from next time Thank you for the post

Leave a Reply

Your email address will not be published. Required fields are marked *