၂၀၀၀ ခုနှစ် ရွှေရောင်မျိုးဆက်မှာ နေရာရနိုင်တဲ့ လက်ရှိ အင်္ဂလန် အသင်း ကစားသမား ၄ ဦး နာမည်ကို ပြောကြားလိုက်တဲ့ ရွန်းနီ

၂၀၀၀ ခုနှစ် ရွှေရောင်မျိုးဆက်မှာ နေရာရနိုင်တဲ့ လက်ရှိ အင်္ဂလန်အသင်း ကစားသမား ၄ ဦး နာမည်ကို ပြောကြားလိုက်တဲ့ ရွန်းနီ

ဝိန်းရွှန်းနီ က လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားတွေထဲမှာ သူတို့ ခေတ်တုန်းက၂၀၀၀ ခုနှစ် ရွှေရောင်မျိုးဆက်တွင် ပါဝင်ကစားလို့ ရနိုင်တဲ့ ကစားသမား ၄ ဦးသာ ရှိတယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ရွန်းနီ ဟာ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတွေမှာ ဂျာရတ် ၊ လမ်းပတ် ၊ ပေါလ်စခိုးလ် ၊ အိုဝင် တို့ နဲ့အတူ အင်္ဂလန်အသင်း ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ ‌ရွှေရောင်မျိုးဆက် အင်္ဂလန်အသင်းဟာ ပရိသတ်တွေ မျှော်မှန်းထားသလို မဖြစ်ခဲ့ဘဲ ယူရို ၂၀၀၄ မှာရော ၂၀၀၆ ကမ္ဘာ့ဖလားမှာပါ ကွာတားဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။

(GERMANY OUT) Sport / Fußball / Fussball / FIFA Weltmeisterschaft WM FIFA WM 2006, Achtelfinale in Stuttgart: England – Ecuador 1:0- Mannschaftsfoto England vor dem Spielhinten v.l.: Torwart Paul Robinson (1), John Terry (6), Rio Ferdinand (5), Steven Gerrard (4), Ashley Cole (3), Frank Lampard (8)vorne v.l. Michael Carrick (18), David Beckham (7), Wayne Rooney (9), Joe Cole (11), Owen Hargreaves (16) (Photo by contrast/Behrendt/ullstein bild via Getty Images)

လက်ရှိ အင်္ဂလန်အသင်းကတော့ အရင်အင်္ဂလန် အသင်းတွေနဲ့စာရင် အောင်မြင်မှုနဲ့ ပိုမိုနီးစပ်တဲ့ အနေအထားတွေရောက်ခဲ့ကာ ၊ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ အရင်တုန်းက ရွှေရောင်မျိုးဆက်အသင်း နှင့် လက်ရှိအသင်းကို နှိုင်းယှဉ်ဖို့ ဖြစ်လာတဲ့ အခါမှာ ရွန်းနီ က

“ကျွန်တော်ကတော့ လက်ရှိအသင်းရဲ့ နောက်ခံလူတွေထဲမှာ ဘယ်သူကမှ ကျွန်တော်တို့ အသင်းမှာနေရာ မရနိုင်ဘူးလို့ထင်ပါတယ်။ ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ အသင်းမှာ ဖာဒီနန် ၊ ဂျွန်တယ်ရီ ၊ ဆိုးလ်ကမ်းဘဲလ် ၊ လက်ဒလေကင်း ၊ ကာရေဂါ ၊ ဂယ်ရီနဗီးလ် ၊ အက်ရှ်လေကိုးလ် တို့ ရှိနေခဲ့တာ‌လေ”

“တိုက်စစ်မှာဆိုရင်တော့ နေရာ ရနိုင်သူ အချို့ ရှိပါတယ်။ ဟယ်ရီကိန်း က သေချာပေါက်ရာနှုန်းပြည့် နေရာရမဲ့ ကစားသမားပါ ၊ ပြီးရင် ဖိုဒန် နှင့် ဘယ်လင်ဂမ်ပေါ့။ ဟယ်ရီကိန်း က ကျွန်တော့်အတွက် အကောင်းဆုံး အင်္ဂလန် ကစားသမားပါပဲ ။ နောက်တစ်ဦးဆို ပစ်ဖိုဒ့် ရှိပါမယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

Source: metro.co.uk

#jdbkx.net #ရွန်းနီ #ရွှေရောင်မျိုးဆက် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *