” ခေါင်းပြတ်တစ္ဆေ ”(စ/ဆုံး)————————————-ထွေးအောင်ရွာကလေးမှာ တောင်ခြေနားနီးသောရွာကလေးဖြစ်သည်။ ရွာသူ/ ရွာသားများမှာ တောင်သူလယ်သမားများဖြစ်ကြ၍ ရွာပတ်လည်ရှိ လယ်ကွင်းများတွင် ရာသီအလိုက် ကောက်ပဲသီးနှံများကိုစိုက်ပျိုးလုပ်ကိုင်ကြ၍ အသက်မွေး နေထိုင်ကြလေသည်။ ထွေးအောင်နှင့် ငြိမ်းမောင်တို့ညီအစ်ကိုက နှစ်နှစ်ကြီး နှစ်နှစ်ငယ်ညီအစ်ကိုများ ဖြစ်လေသည်။ ကျောင်းနေအရွယ်ရောက်ကြလျှင် ရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ယူကြရသည်။ ရွာမူလတန်းကျောင်းတွင် စတုတ္ထတန်း အောင်မြင်ခဲ့ကြသောအခါ ရွာမှမြို့ကျောင်းသို့ သွားရောက်သင်ယူရမည်ဖြစ်သောကြောင့် မိဘများမှစိတ်မချသဖြင့်ကျောင်းဆက်မထားလိုကြပေ။
![Loading](https://jdbkxnews.com/wp-content/plugins/page-views-count/ajax-loader-2x.gif)
Read more