![](https://jdbkxnews.com/wp-content/uploads/2023/12/သူ့ကိုယ်သူ-ဘယ်လို-မေးခွန်းမျိုး-ထုတ်နေခဲ့သလဲဆိုတာ-ဖွင့်ပြောလိုက်တဲ့-ဘရူနို-ဖာနန်ဒက်စ်.webp)
သူ့ကိုယ်သူ ဘယ်လိုမေးခွန်းမျိုး ထုတ်နေခဲ့သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်
ဒီရာသီမှာ ပုံစံကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့အနိုင်ယူသွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာတော့ အိမ်ရှင်တို့ဟာ ကစားပုံကောင်းမွန်ခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာပဲ နှစ်ဂိုးအထိ ပေးခဲ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ သူတို့ဟာ 3- ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး comeback လုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာတော့ ယူနိုက်တက်အတွက် ဂါနာချို က ခြေပဂိုး 2- ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးတဲ့ ဟော့ဂျ်လန်း က အဖိုးတန် အနိုင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဂိုးနဲ့ အတူ ယူနိုက်တက်တို့ အဆင့် 6 -နေရာထိ တက်လှမ်းနိုင်ခဲ့ကြပါတယ် ။
အဆိုပါ နိုင်ပွဲအပြီးမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်သူ ဘရူနိုဖာနန်ဒက်စ် က သူဟာ ဒီအသင်းမှာ ရှိနေသေးဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်းကို မကြာခဏထုတ်ခဲ့ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
![](https://jdbkxnews.com/wp-content/uploads/2023/12/The-Portuguese-star-celebrates-with-Rasmus-Hojlund-after-United-scored-their-winner.webp)
“ခင်ဗျားအနေနဲ့ ယုံကြည်ချက်ရှိနေဖို့ လိုအပ်လှပါတယ်။ အကယ်လို့ ခင်ဗျားတို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုမရှိကြတော့ရင် အခက်အခဲတွေ ဆက်တိုက် ကြုံတွေရမှာမို့လို့ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ယုံကြည်မှုတွေ ကျဆင်းသွားရတာမျိုးလည်း ရှိတတ်ပါတယ်”
“အဲ့လို အချိန်မျိုးမှာ ငါဟာ ဒီလို အသင်းမျိုးမှာ ရှိနေဖို့တောင်ထိုက်တန်ရဲ့လား?” ဆိုပြီး ကိုယ့်ဟာကိုယ် မေးခွန််းထုတ်ဖြစ်မိတော့တာပါပဲ ။ အချို့အရာတွေက မှန်ကန်တဲ့ လမ်းကြောင်းအပေါ်မှာ မရှိတဲ့အချိန် အဲ့ဒီလို တွေးမိတာမျိုးက သဘာဝကျလွန်းလှပါတယ်၊ အဲ့ဒီလို အချိုအရာတွေ အဆင်မပြေမှု ဖြစ်နေချိန်ကို ကျော်ဖြတ်ပြီး ရလဒ်တစ်ခုကို ရယူနိုင်တာက ရှေ့ဆက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး တွန်းအားပေးရင်း ရှေ့ဆက်ရမယ်ဆိုတာ အသင်းမှာရှိနေသူတိုင်းက သိကြပါတယ် ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲဖြစ်ပါတယ်။
Source : Dailymail.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ဘရူနိုဖာနန်ဒက်စ် #မန်ချက်စတာယူနိုက်တက် #အိုးလ်ထရပ်ဖို့ဒ်ကွင်း #အက်စတွန်ဗီလာ #Online #Games #Myanmar #OnlineGamesMyanmar