![ချန်ပီယံဖြစ်မဲ့ အသင်းကို ခန့်မှန်း တွက်ချက် ပေးလိုက်တဲ့ စူပါကွန်ပျူတာ](https://jdbkxnews.com/wp-content/uploads/2024/06/ချန်ပီယံဖြစ်မဲ့-အသင်းကို-ခန့်မှန်း-တွက်ချက်-ပေးလိုက်တဲ့-စူပါကွန်ပျူတာ.webp)
၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်အပြီး ချန်ပီယံဖြစ်မဲ့အသင်းကို ခန့်မှန်းတွက်ချက်ပေးလိုက်တဲ့ စူပါကွန်ပျူတာ
ယူရို ၂၀၂၄ -ပြိုင်ပွဲ ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဟန်ဂေရီ ၊ စကော့တလန် ၊ ခရိုအေးရှား ၊ အယ်ဘေးနီးယား ၊ ဆားဘီးယား ၊ ယူကရိန်း ၊ ပိုလန် ၊ ချက် အသင်း ၈ -သင်း ကတော့ အိမ်ပြန်သွားရပြီဖြစ်ပါတယ်။
၁၆ သင်း ရှုံးထွက်အဆင့်ကို အုပ်စုပထမရ အသင်း ၆ သင်း ၊ အုပ်စု ဒုတိယ အသင်း ၆ သင်း ၊ အကောင်းဆုံး အုပ်စု တတိယ ၄ သင်း တို့ တက်ရောက်လာကြတာဖြစ်ပြီး ပွဲစဉ်ဇယားအရ စပိန် ၊ ဂျာမနီ ၊ ပြင်သစ် ၊ ပေါ်တူဂီ ၊ ဘယ်ဂျီယံ တို့ဟာ လမ်းကြောင်း တစ်ဖက်တည်းကျရောက်နေပါတယ်။
![](https://jdbkxnews.com/wp-content/uploads/2024/06/who-will-win-euro-2024-knockouts-1024x768-1.jpeg)
နာမည်ကြီး အင်္ဂလန် ၊ လက်ရှိ ချန်ပီယံ အီတလီ တို့ကတော့ လမ်းကြောင်း အနည်းငယ်ချောင်နေတာကို တွေ့ရပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေအဖြစ် စပိန် နှင့် ဂျော်ဂျီယာ ၊ ဂျာမနီ နှင့် ဒိန်းမတ် ၊ ပေါ်တူဂီ နှင့် ဆလိုဗေးနီးယား ၊ ပြင်သစ် နှင့် ဘယ်ဂျီယံ ၊ ရိုမေနီးယား နှင့် နယ်သာလန် ၊ ဩစတီးယား နှင့် တူရကီ ၊ အင်္ဂလန် နှင့် ဆလိုဗက်ကီးယား ၊ ဆွစ်ဇာလန် နှင့် အီတလီ တို့ ကစားကြမှာ ဖြစ်ပါတယ်။
လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ရုန်းကန်နေရပေမဲ့ Opta ရဲ့ စူပါကွန်ပျူတာ ခန့်မှန်းမှုမှာတော့ အင်္ဂလန်က ရေပန်းအစားဆုံးအသင်း အဖြစ် ရှိနေဆဲပါ။ Three Lions တို့ဟာ ဗိုလ်စွဲဖို့ 19.98 % အထိ ရှိနေပြီး ကွာတားဖိုင်နယ် ရောက်ဖို့ 81.63% အထိ ရှိပါတယ်။
![](https://jdbkxnews.com/wp-content/uploads/2024/06/ချန်ပီယံဖြစ်မဲ့-အသင်းကို-ခန့်မှန်း-တွက်ချက်-ပေးလိုက်တဲ့-စူပါကွန်ပျူတာ-၂.webp)
အင်္ဂလန် ရဲ့ နောက်မှာတော့ စပိန် က 17.17 % နဲ့ ရှိနေပြီး ဂျာမနီ က 15.83 % ၊ ပြင်သစ် က 13.40% နဲ့ အသီးသီး ရှိနေကြပါတယ်။ အဆိုပါ အသင်းလေးသင်းရဲ့ နောက်မှာတော့ ပေါ်တူဂီ ၊ နယ်သာလန် ၊ အီတလီ ၊ ဩစတီးယား တို့က အစဉ်လိုက်ရှိနေကြပါတယ်။
Source: theanalyst.com
#jdbkx.net #ခရစ်ဆပ်တန် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames