လာလီဂါကြယ်ပွင့် ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘီလ်ဘာအိုမြို့ ၊ အက်သလက်တက် အသင်း ရဲ့ ကြယ်ပွင့် နီကို ဝီလီယံ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသင်းက တိုက်စစ်ကစားသမား နှစ်ဦးကို ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ် လာခဲ့ပါတယ်။

Loading

Read more

ဆရာကြီးတွေကို မြင်တွေ့ရဖို့ ရှိနေတဲ့ အသက် ၃၅+ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး

ဒီနွေမှာတော့ အင်္ဂလန်မြေမှာ အသက် ၃၅ – နှစ်နဲ့ အထက်ရှိကြတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ကျင်းပသွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာတော့ ဘောလုံးသမိုင်းကြောင်းရဲ့ ခမ်းနားလွန်းတဲ့ ကစားသမားတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ ဖီဖာကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးကြတဲ့ အင်္ဂလန် ၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အီတလီ ၊ စပိန် ၊ ဥရုဂွေး တို့ ၈- သင်း ပါဝင် ယှဉ်ပြိုင်သွားကြဖို့ အစီအစဉ်တစ်ခု ဆွဲထားတယ်လို့သိရပါတယ်။

Loading

Read more

ခြေစွမ်း ကျနေရင်တောင် အရန်ခုံ ပို့လို့ မရတဲ့ ချဲလ်ဆီး စတား နှစ်ဦး

ချဲလ်ဆီးအသင်းဟာ ကြားရက်က ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူး အသင်းကို ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ယနေ့ညမှာ ဝုလ်ဗ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ရှိပါတယ်။ ဒီပွဲမှာတော့ ချဲလ်ဆီးဟာ ရှေ့ပွဲက လူပိုစုံလာဖို့ ရှိပေမဲ့ ပုံမှန် သုံးနေကျ ပွဲထွက် ကစားသမား အများစုကိုပဲ ဆက်လက် အသုံးပြုလာဖို့များပါတယ်။ အထူးသဖြင့် ကွင်းလယ်က အန်ဇို – ကိုင်စီဒို အတွဲကိုတော့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တစ်ယောက် ဘယ်လိုမှ ချန်လှပ်ဖို့ မဖြစ်နိုင်ပါဘူး။

Loading

Read more

လီဗာပူးနည်းပြသစ် အဖြစ် အသင့်တော်ဆုံးသူကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

ယာဂန်ကလော့ဟာ ပြီးခဲ့တဲ့ အပတ်က ရာသီကုန်မှာ လီဗာပူး ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရား၀င် ကြေငြာကာ ဘောလုံးလောကကြီးကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး နည်းပြအဖြစ် ရေပန်းစားတဲ့သူတွေ ထွက်ပေါ်လာခဲ့ကာ ဒီထဲမှာ ဘရိုက်တန် နည်းပြ ဒီဇာဘီ ၊ လေဗာကူဆင် နည်းပြ ဇာဗီအလွန်ဆိုနဲ့ စပါး နည်းပြ ပိုစတီကိုဂလူး တို့လည်း ပါဝင်နေပါတယ်။

Loading

Read more

ယူနိုက်တက် ပရိသတ် အချစ်တော် တစ်ဦးရဲ့ အားနည်းချက်ကို ထုတ်ပြောလိုက်တဲ့ ကာရေဂါ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဟာ ဒီရာသီ ဒဏ်ရာပြသနာတွေအကြားမှာ ရုန်းကန်နေခဲ့ရပြီး ယူနိုက်တက်တို့ တော့တင်ဟမ် ၊ နယူးပို့ ကောင်တီ အသင်းတွေနဲ့ ကစားရတဲ့ ပွဲစဉ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက်ကတည်းက ပွဲစဉ်တိုင်း အားကြိုးမာန်တက် ကစားပေးခဲ့သူဖြစ်ပြီး အသင်းအတွက် ပေးဆပ်လိုစိတ် ရှိတာကြောင့် အချိန်တိုတွင်း ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်လာခဲ့ပါတယ်။

Loading

Read more

ဖောရက်စ် နဲ့ ပွဲ ပထမပိုင်းအပြီး နည်းပြ အာတီတာ သူတို့ကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟပြောကြားလာတဲ့ ဂျေးဇု

ဒီမနက်မှာ ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ပွဲမှာ ပထမပိုင်းအပြီး ဂိုးမသွင်းနိုင်ဖြစ်နေချိန် နည်းပြ အာတီတာ သူတို့ကို ဘာပြောခဲ့သလဲ ဆိုတာ အာဆင်နယ်အသင်း တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု က ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

Loading

Read more

ရီးရဲလ် မက်ဒရစ်အသင်းအပေါ် ဘက်လိုက်ခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ အယ်မီရီးယား အသင်း

ရီးရဲလ်မက်ဒရစ်အသင်း နဲ့ ပွဲက အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက် ၃ -ခု နဲ့ ပတ်သက်ပြီး အယ်မီရီးယားအသင်းဟာ အတော်လေး ဒေါသထွက် ပေါက်ကွဲလျက်ရှိနေပါတယ်။ လာလီဂါ ရဲ့ အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ အယ်မီရီးယားအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ပထမပိုင်းအတွင်း နှစ်ဂိုးပြတ် အနိုင်ရနေခဲ့ပြီး ဒီရာသီ သူတို့ရဲ့ပထမဆုံး နိုင်ပွဲကို ရရှိဖို့ နီးစပ်နေခဲ့တာပါ။

Loading

Read more

ပရီးမီးယားလိဂ် ကြယ်ပွင့်နဲ့ ပတ်သက်ကာ အာဆင်နယ် ၊ ချဲလ်ဆီးတို့ထံ သတိပေးသွားတဲ့ ဂါးလက်စ်

လန်ဒန်အင်အားကြီး ကလပ် ၂-သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ လက်ရှိဆောင်းရာသီ စျေးကွက်အတွင်း ရှိရင်းစွဲ တိုက်စစ်မှူးတွေနဲ့ profile မတူတဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ထပ်ခေါ်ဖို့ ကြိုးစားလျက်ရှိပါတယ် ။ အာဆင်နယ်ရဲ့ အထောင်တိုက်စစ်မှာ ဂါဘရီရယ် ဂျေဆုစ်နဲ့ အက်ဒီ အန်ကတ်တီးယားတို့ ရှိနေပေမဲ့ ၊ ၄င်းတို့ဟာ ကစားပေါက်ချင်းတူတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြလို့ ၊ ဂန်းနား နည်းပြ မီခေးလ် အာတီတာဟာ ကြံ့ခိုင်မှု အသားပေး တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာတွေ့ရပါတယ်။

Loading

Read more

ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး အနက် ဘယ်အသင်းမှာ သူ ပိုတန်ဖိုးထားခံရလဲဆိုတာ ဖြေကြားလာတဲ့ တူချယ်

ဂျာမန်လူမျိုးနည်းပြ သောမတ်စ် တူချယ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ချဲလ်ဆီးအသင်းကို ကိုင်တွယ်နေခဲ့ပြီး ၊ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ နည်းပြရာထူးက ထုတ်ပယ်ခြင်းကိုခံရတဲ့ ပထမဆုံးနည်းပြ ဖြစ်ခဲ့ပါတယ်။ တူချယ်ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီးအသင်းကို နောက်ဆုံးကိုင်တွယ်ခွင့်ရတဲ့ နည်းပြဖြစ်သလို ၊ ၄င်းဟာ ချဲလ်ဆီးကို နောက်ဆုံး ဆုဖလားရယူပေးထားတဲ့ နည်းပြလည်းဖြစ်ပါတယ်။

Loading

Read more

ကစားသမားတိုင်းကို မန်နေဂျာကပဲ ၀ယ်ယူသင့်တယ်ဆိုတဲ့ အိုင်ဒီယာက မမှန်ဘူးဆိုတဲ့ ဂျေမီကာရေဂါ

ဂျေမီကာရေဂါက မန်နေဂျာတွေကို ကစားသမား အပြောင်းအရွေ့ကိစ္စတွေနဲ့ ပက်သက်လာရင် အလုံးစုံပုံကာ မလွှဲသင့်ဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူး နောက်ခံလူဟောင်းက လွန်ခဲ့တဲ့ ၂၀၁၇ -က မာဆေးဆိုက်ကို ရောက်လာခဲ့တဲ့ မိုဟာမက်ဆာလားဟာ လီဗာပူး နည်းပြ ယာဂန်ကလော့ ခေါ်ယူချင်တဲ့ ကစားသမား မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

Loading

Read more
1 4 5 6 7 8 19