Past Live (2023)

Past Lives (2023)

သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီ ၊လက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက မမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတစ်ရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း ဒါမှမဟုတ် သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ နှစ်ဦးသောသူတို့ (၂)သက်၊ (၂) ချစ် ၊ (၂)ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့နှစ်ဦးကြား ဘဝပေါင်း (၈)ထောင်စာ နဲ့ ရှေးရေစက်ပေါင်း (၈)ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတစ်ရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း

Loading

Read more
J. Robert Oppenheimer

J. Robert Oppenheimer

“အော့ပန်ဟိုင်းမား” ရုပ်ရှင်ဟာ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီးနာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr , Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အတ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ ပြီးတော့ Oppenheimer ရုပ်ရှင်

Loading

Read more

The God Father

THE GOD FATHER က PART 1,2,3 ဆိုပြီးထွက်ရှိထားပါတယ်။RATING အနေနဲ့ကTHE GOD FATHER PART1(1972) က IMDb 9.2/10,Rotten Tomatoes 98%,Metacritic 100% ရထားပါတယ်။THE GOD FATHER PART2(1974) မှာတော့ IMDb 9/10,Rotten Tomatoes 98% ,Metacritc 90% ရရှိထားပြီးTHE GOD FATHER PART3(1990) ကတော့ IMDb 7.6/10,Rotten Tomatoes 69% ,Metacritic 60% ရထားပါတယ်Box office အနေနဲ့ Part1 က ဒေါ်လာ 246_287 million, Part2 က ဒေါ်လာ 48-88 million နဲ့ Part 3 က ဒေါ်လာ 136.8 million ရရှိထားပါတယ်။

Loading

Read more
PK မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား

PK

၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲမှာ နံပါတ် ၆၅ နေရာလိုက်ပြီး အိန္ဒိယမှာတော့ ခေတ်အဆက်အဆက် အတွက် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ 3 idiots ကို အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ ရချ်ကူမား ဟီရာနီ (Rajkumar Hirani) ရဲ့ ညွှန်ကြားမှုအောက်မှာ အကြောက်တရား လွှမ်းမိုးခံရတတ်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လမ်းမှားလိုက်တတ်တဲ့ လူတွေရဲ့ သဘာဝကို ပေါ့ပေါ့ပါးပါးကလေး ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုရမှာပါ။ အမီးရ်ခန်းကတော့ ကမ္ဘာကို လေ့လာရေးထွက်လာတဲ့ ဂြိုလ်သားတစ်ဦး၊ သူ့အတွက်တော့ ကမ္ဘာပေါ်က အရာအားလုံးဟာ အံ့သြစရာတွေချည်း ဖြစ်နေတော့တာပါပဲ။ သူတို့ ဂြိုလ်ပေါ်က ဂြိုလ်သားတွေက ဘာသာစကားပြောဆိုကြတာမျိုးမဟုတ်ဘဲ စိတ်နဲ့သာ ဆက်သွယ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မုသားပြောဖို့မဆိုနဲ့ နောက်ပြောင် ကျီစယ် တာမျိုးတောင် မရှိကြဖူးပေါ့။ ဒီလိုနဲ့ ဉာဏ်နီဉာဏ်နက်များလှတဲ့ ကမ္ဘာသားတွေအကြား ပထမဆုံးရောက်လာခဲ့တဲ့ အမီးရ်ခန်း ခမြာ လည်ပင်းမှာဆွဲထားတဲ့

Loading

Read more
3 idiots ရုပ်ရှင်အညွှန်း

3 Idiots

December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်… မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ်။ လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…  ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလည်း မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး၊ ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို

Loading

Read more

The Shawshank Redemption (1994)

91% Rotten Tomatoes / 9.3/10 IMDb The Shawshank Redemption (1994) မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ သူ့ကိုဝေဖန်ကြတဲ့အချက်ကတော့ အားလုံးထဲမှာအထူးခြားဆုံးပါပဲ ။ ရုပ်ရှင်ကြိုက်တဲ့သူအချင်းချင်း အကြိုက်ဆုံးရုပ်ရှင်ကဘာလဲ မေးရင် Shawshank လို့ပဲ ဖြေကြတာများလွန်းလို့ တဖြည်းဖြည်းနဲ့ ကောင်းကြောင်းတောင်မပြောချင်လောက်အောင် ဖြစ်လာလို့ပါတဲ့ဗျ ။ ဒါကြောင့်မို့လို့ နာမည်မြင်တာနဲ့ကို Overrated ရုပ်ရှင်လို့ကို ခံစားရပါတယ်တဲ့ ။ ဆိုတော့ The Shawshank Redemption က ကောင်းလွန်းလို့ဝေဖန်ခံရတဲ့ ရုပ်ရှင်လို့တောင်ပြောရမလိုပါပဲ ။ တကယ်တော့ Overrated ထဲ

Loading

Read more
Laal Singh Chaddha ရုပ်ရှင်အညွှန်း

Laal Singh Chaddha

မင်းသားကြီး Tom Hanks ရဲ့ ကမ္ဘာကျော်ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့Forrest Gump ကို လူတော်တော်များများ ကြည့်ဖူးကြပါတယ်…Paramount ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ၁၉၉၄ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အပြင် Academy Award တွေလည်း များစွာရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားကိုပဲ မင်းသားကြီး Aamir Khan က ထုတ်လုပ်သူ (၃) ဦးထဲက တစ်ဦးအနေနဲ့ပါဝင်ပြီး အိန္ဒိယဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးခဲ့တာAugust 11, 2022 နေ့က ထွက်ရှိလာပါတယ်…IMDb 5.4Rotten Tomatoes 65% ရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ မူရင်းဗားရှင်းကို မမီပေမယ့်လည်း ဝေဖန်ရေးဆရာတစ်ချို့ရေးကြသလို လုံးဝကြီး ဆိုးရွားနေခဲ့တာတော့ မဟုတ်ပါဘူး…မူရင်းဇာတ်ကားမှာသုံးတဲ့ အဓိကစာကြောင်းက “Life is like a box of chocolates. You never know what you’re gonna get.”“ဘဝဆိုတာ

Loading

Read more
1 2