![](https://jdbkxnews.com/wp-content/uploads/2023/10/Ex-Chelsea-star-Mason-Mount-slammed-over.png)
သရဲနီ ကျောနံပါတ် ၇-ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တဲ့ မေဆင်မောင့် ဝေဖန်ခံရ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ချဲလ်ဆီးကွင်းလယ်လူဟောင်း မေဆင်မောင့်ကို ၄င်းတို့ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅-သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပါတယ် ။ အသက် ၂၄-နှစ် အရွယ်ရှိ မောင့်ဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တစ်ယောက်ဖြစ်ပြီး ၊ ချဲလ်ဆီးဂန္တဝင်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်က မြေမြှောက်ပေးခဲ့လို့ ၊ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ဘောလုံးလောက အလယ်မှာ နာမည်တစ်ခု ရရှိလာခြင်း ဖြစ်ပါတယ် ။