သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်

စာအုပ်အမည် – သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်ရေးသားသူ – သင့်လူအမျိုးအစား – ဝတ္ထုရှည် အသက်တစ်ရာကျော်ပြီး တစ်ရာ့တစ်နှစ်ပြည့်ပြီးတဲ့ ဘိုးဘိုးကြီး အယ်လန်ကားလ်ဆန်အကြောင်း ဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းထဲမှာပါတဲ့သူတွေက သမိုင်းစာအုပ်ထဲမှာ ရင်းနှီးပြီးသားသူတွေချည်းပဲလေ။ ဖတ်ရတာ အရမ်းလည်း သွက်ပါတယ်။ ဒီစာအုပ်ကျတော့ အရင်စာအုပ်နဲ့မတူပါဘူး။ ဇာတ်လမ်းထက် အကြောင်းအရာကို ပိုသိချင်စိတ်ဖြစ်သွားတယ်။ ဒီစာအုပ်မှာ ဇာတ်လမ်းက အရေးမကြီးတော့ဘူး။ သူ ဘာတွေ လျှောက်လုပ်မလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာတွေတော့ စိတ်၀င်စားတာပေါ့။ ဒါပေမဲ့ သူနဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေကလည်း စိတ်၀င်စားစရာချည်းတွေပါပဲ။ ခက်တာက အခြေခံထားတာ မျက်မှောက်ခေတ် အကြောင်းအရာတွေ။ အတိတ်သမိုင်းထက် မျက်မှောက်ခေတ်အခြေအနေကို သိထားရင် ပိုဖတ်လို့ကောင်းမဲ့ စာအုပ်။

Loading

Read more