ချဲလ်ဆီး နည်းပြ ရာထူးဟာ သူ လုပ်ခဲ့ဖူးတဲ့ အလုပ် ၂-ခုလောက် မခက်ကြောင်း ထုတ်ပြောလာတဲ့ ပိုချက်တီနို
ပီအက်စ်ဂျီနဲ့ တော့တင်ဟမ် နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇူလိုင်အစမှာ ချဲလ်ဆီး နည်းပြသစ် တရားဝင် ဖြစ်လာခဲ့ကာ ၃-နှစ်စာချုပ် ချုပ်ခဲ့ပါတယ် ။ အခုအခါမှာ သူ့ရဲ့ စီမံကိန်းက ၃-လနီးနီး ကြာမြင့်နေပြီဖြစ်ရာ ချဲလ်ဆီး ပရိသတ်တွေဟာ ၄င်းရဲ့ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိလဲဆိုတာ အတိုင်းအတာ တစ်ခုအထိ သတိထားမိနေကြပြီ ဖြစ်ပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ အမေရိကန် ရာသီကြို ခရီးစဉ်အတွင်း ရှုံးပွဲမရှိ စွမ်းဆောင်ကာ ၊ အကယ်ဒမီထွက်တွေနဲ့ အခြားသော လူငယ် ကြယ်ပွင့် အမြောက်အမြားကို ထိုကာလအတွင်း နေရာပေးခဲ့ကာ ၊ ၄င်းတို့ထံကနေ အလားအလာရှိတဲ့ ခြေစွမ်းတွေလည်း မြင်တွေ့ခဲ့ရပါတယ် ။ ထိုခရီးစဉ် အပြီးနဲ့ နွေရာသီ စျေးကွက် မပိတ်သိမ်းခင်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်ခဲ့ပြီး ၊ ပိုချက်တီနိုဟာ ဘရိုက်တန်ကနေ အီကွေဒေါ
Read more