ခံစားချက်တွေ တခုတ်တရ ထုတ်ပြောလာတဲ့ အမရာဘတ်

ခံစားချက်တွေ တခုတ်တရ ထုတ်ပြောလာတဲ့ အမရာဘတ်

နွေတုန်းက ယူနိုက်တက်တို့ အငှား ခေါ်ယူခဲ့ကြတဲ့ ဖီအိုရင်တီးနား အသင်းရဲ့ ကွင်းလယ်လူ ဆိုဖီယံ အမရာဘတ် က သူပြောင်းလိုတဲ့ အသင်းဆိုလို့ ယူနိုက်တက် တစ်သင်းသာရှိကြောင်း ၊ အဲရစ် တန်ဟတ် ဟာ ဒီရာသီ ကြီးမားတဲ့ အရာ တစ်ခုခုကို လုပ်ပြလိမ့်မယ်လို့ ယုံကြည်ကြောင်း ခရစ္စတယ် ပဲလေ့စ် နဲ့ နိုင်ပွဲအပြီး ပြောကြားသွားခဲ့လိုက်ပါတယ် ။ ” ဒီကို ပြောင်းရွှေ့လာဖို့ တကယ့်ကို ခက်ခဲခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးပွဲဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ကစားခဲ့ရတဲ့ ကွန်ဖရန့်စ် လိဂ် ပွဲစဥ်အပြီးမှာ ကျွန်တော့်အတွက် အပြောင်းအရွှေ့ စျေးကွက်ဟာ စတင် ဖွင့်လှစ်လာတော့တာပါပဲ ” ” အသင်းတွေ အများကြီးနဲ့ စကားပြော ၊ ဆွေးနွေးခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော့်

Loading

Read more
ချဲလ်ဆီး နည်းပြ ရာထူးဟာ သူ လုပ်ခဲ့ဖူးတဲ့ အလုပ် ၂ခုလောက် မခက်ကြောင်း ထုတ်ပြောလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး နည်းပြ ရာထူးဟာ သူ လုပ်ခဲ့ဖူးတဲ့ အလုပ် ၂-ခုလောက် မခက်ကြောင်း ထုတ်ပြောလာတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနဲ့ တော့တင်ဟမ် နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇူလိုင်အစမှာ ချဲလ်ဆီး နည်းပြသစ် တရားဝင် ဖြစ်လာခဲ့ကာ ၃-နှစ်စာချုပ် ချုပ်ခဲ့ပါတယ် ။ အခုအခါမှာ သူ့ရဲ့ စီမံကိန်းက ၃-လနီးနီး ကြာမြင့်နေပြီဖြစ်ရာ ချဲလ်ဆီး ပရိသတ်တွေဟာ ၄င်းရဲ့ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိလဲဆိုတာ အတိုင်းအတာ တစ်ခုအထိ သတိထားမိနေကြပြီ ဖြစ်ပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ အမေရိကန် ရာသီကြို ခရီးစဉ်အတွင်း ရှုံးပွဲမရှိ စွမ်းဆောင်ကာ ၊ အကယ်ဒမီထွက်တွေနဲ့ အခြားသော လူငယ် ကြယ်ပွင့် အမြောက်အမြားကို ထိုကာလအတွင်း နေရာပေးခဲ့ကာ ၊ ၄င်းတို့ထံကနေ အလားအလာရှိတဲ့ ခြေစွမ်းတွေလည်း မြင်တွေ့ခဲ့ရပါတယ် ။ ထိုခရီးစဉ် အပြီးနဲ့ နွေရာသီ စျေးကွက် မပိတ်သိမ်းခင်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်ခဲ့ပြီး ၊ ပိုချက်တီနိုဟာ ဘရိုက်တန်ကနေ အီကွေဒေါ

Loading

Read more
A Million Miles Away ရုပ်ရှင်အညွှန်း

A Million Miles Away

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာက လူတိုင်းမှာရှိကြမှာပါ။ အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှ ဖြစ်နိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။ September 15, 2023 က ထွက်ရှိခဲ့တဲ့ A Million Miles Away ရုပ်ရှင်ဇာတ်ကားဟာ NASA မှာ တစ်ကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ Mexico ကနေ ရွှေ့ပြောင်းလုပ်သား အနေနဲ့ USA ကို ရောက်လာခဲ့တဲ့ တစ်ကယ့်အောက်ခြေမှ အောက်ခြေလူတန်းစား ၊ USA ရောက်တော့ ပြောင်းဖူးခင်းထဲမှာ ပြောင်းဖူးတွေဆွတ်ရတဲ့ အလုပ်လုပ်တဲ့ မိသားစုလုပ်ငန်းကို လုပ်နေရတဲ့ ချာတိတ်လေးတစ်ယောက်က သူ့အိမ်မက်ဖြစ်တဲ့ NASA နဲ့ အတူ Space ကိုသွားချင်တဲ့ အိမ်မက်ကိုရအောင် အကောင်အထည်ဖော်သွားတဲ့

Loading

Read more
ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ ဒါးလော့

ဝေဖန်မှုတွေကို အသင်းရဲ့ အဝတ်လဲခန်းထဲ ဘယ်လိုတုန့်ပြန်နေခဲ့ကြသလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့က ဘန်လေ အသင်းနဲ့ နိုင်ပွဲအပြီးမှာ မီဒီယာတွေရဲ့ ဝေဖန်ထိုးနှက်မှုတွေက သူတို့အတွက်တော့ လူသတ်စက်တွေလို ဖြစ်နေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်လေ အသင််းနဲ့ မရင်ဆိုင်မီမှာ အာဆင်နယ် ၊ ဘရိုက်တန် နဲ့ ဘိုင်ယန် မြူးနစ် အသင်းတွေကို 3 ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဝေဖန်မှုတွေ ခံနေခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ကစားသမားတွေရဲ့ တစ်ဦးချင်းစီ စွမ်းဆောင်ရည်ဟာလည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ဘန်လေ အသင်းနဲ့ ပွဲစဥ်မှာတော့ အဆိုပါ မှတ်တမ်းဆိုးတွေကို ချေဖျက်နိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ရဲ့ တစ်လုံးတည်းသောဂိုးနဲ့

Loading

Read more
ပွဲပယ်ပြစ်ဒဏ်ထိဖို့ တဝါပဲ လိုတော့တဲ့ ချဲလ်ဆီး စတားထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို

ပွဲပယ်ပြစ်ဒဏ်ထိဖို့ တဝါပဲ လိုတော့တဲ့ ချဲလ်ဆီး စတားထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ အက်စတွန် ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိနေပြီး ၊ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲက ပွဲထွက်စာရင်းကို နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနို တယောက် အနည်းငယ် အပြောင်းအလဲ လုပ်လာနိုင်ခြေတော့ ရှိနေပါတယ် ။ သို့ပေမယ့် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကတော့ ပွဲထွက်ခွင့် တနေရာ သေချာပေါက် ရဦးမှာ ဖြစ်ပါတယ် ။ တဖက်မှာ ဂျက်ဆင်ဟာ ရှေ့၅ပွဲမှာ အဝါ ၄-ကြိမ် အထိ ပြသခံထားရတာကြောင့် ဗီလာနဲ့ ပွဲမှာပါ နောက်တဝါ ထပ်ထိခဲ့ရင် တပွဲပယ် ပြစ်ဒဏ် အကျခံရမှာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက တိုက်စစ်မှူး

Loading

Read more
The Gods Must Be Crazy (1980) ရုပ်ရှင်အညွန်း, မြန်မာစာတန်းထိုး

The Gods Must Be Crazy (1980)

Nixau Toma  ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ).……………………………………………………………” ပီတာက ဆိတ် (၇) ကောင်ပေးမယ်ဆိုလို့ ကျွန်တော်လိုက်လာတာ ၊ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ ‌နေအခါ (၃၀) ဝင်တဲ့အထိ နေရမယ်ပြောတယ်။ ပြီးရင် ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် (၇) ကောင်ယူပြီးပြန်မယ်။ ” N!xau Tomaတောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေး ၊ အပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်း တစ်နေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတစ်ရွာ ရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိုးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက (၁၂) ရာစု လူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိုးနွယ်စုရဲ့ ရွာလေးပါ။ အမဲလိုက် ၊ ပျားအုံဖွတ် ၊ ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိုးမှုကိုတောင် မသိရှိသလို သူတို့ဘာသာစကားဟာ လူ(၁)သောင်းတောင်မသိတဲ့ ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိုးနွယ်ပါ။

Loading

Read more
ဘယ်အရာက သူ့ကိုအလုပ်ပြုတ်စေခဲ့သလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား

ဘယ်အရာက သူ့ကိုအလုပ်ပြုတ်စေခဲ့သလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား က ရော်နယ်ဒို ကို အိုးလ်ထရပ်ဖို့ဒ် ဆီ ပြန်လည် ခေါ်ယူခွင့်ရှိနေခဲ့တာကို ငြင်းဆန်ပယ်ချဖို့ အရမ်းကို ခက်ခဲခဲ့ကြောင်း အချို့အရာတွေ မှားယွင်းခဲ့ပြီး အတ္တတွေ မာနတွေက သူ့ကို အလုပ်ပြုတ်စေခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 သြဂုတ်လတုန်းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းဆီ ပြန်လည် ခေါ်ယူခဲ့ပြီး နောက်ထပ် (၃) လအကြာမှာပဲ ဆိုးလ်ရှားဟာ ယူနိုက်တက် နည်းပြအဖြစ်မှ အထုတ်ခံခဲ့လိုက်ရပါတယ် ။ နောက်ပိုင်းထွက်လာခဲ့တဲ့ သတင်းတွေကတော့ ယူနိုက်တက် အမှုဆောင်ချုပ်ဟောင်း အဒ်ဝုဒ်ဝက် ဟာ နည်းပြ ဆိုးလ်ရှား ရဲ့ တောင်းဆိုမှုမပါဝင်ဘဲ ဒီအပြောင်းအရွှေ့ကို စျေးကွက် အကျိုးအမြတ်အရ ဖြစ်မြောက်အောင် လုပ်ဆောင််ခဲ့တာ

Loading

Read more
အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီ စတင်လာတာ ပွဲစဉ် (၅)ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ ၊ အမှတ်ပေးဇယားကို လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းက ရာနှုန်းပြည့် နိုင်ထားပြီး ဦးဆောင်လျက်ရှိပါတယ် ။ ထို့နောက် တော့တင်ဟမ် ၊ အာဆင်နယ် ၊ လီဗာပူးတို့က စီးတီး အနောက် အစဉ်လိုက် ရပ်တည်နေကြပါတယ် ။ ဒီရာသီမှာ အင်အားကြီး ကလပ် (၂) သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အခြေအနေ မဟန်နေကြဘဲ ရမှတ် (၆) မှတ်နဲ့ (၅) မှတ်သာ ရရှိထားပြီး ၊ အဆင့် (၁၄) နဲ့ (၁၅) နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ် ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီအဆင့် (၃)

Loading

Read more
Blue Beetle ကောင်းလား မကောင်းဘူးလား

Blue Beetle ကောင်းလား မကောင်းဘူးလား

(ဒီကနေ့မှာပဲ Blue Beetle ရဲ့ VOD digital အကြည် ထွက်လာပါပြီ) အမှန်တိုင်းပြောရရင် ရုံဝင်ငွေ အခြေအနေရလဒ်နည်းနည်းမကောင်းဘူးဆိုကတည်းကတစ်ခုခုတော့ ဖြစ်မယ်မှန်း သိနေပါတယ်။ ဒါပေမယ့် ကြည့်ပြီးသွားတဲ့အချိန်မှာတော့ တစ်ချို့ လွဲနေတာလေးတွေကို တွေ့ရပါတယ်။ အဓိကက Fan Service ပါပဲ။ DC ရဲ့ထုံးစံအရတော့ WB ရဲ့ ညံ့ဖျင်းမှုတွေကြောင့် ဇာတ်ကားက ကောင်းပေမယ့် ဘာ Promote မှ ထူးထူးခြားခြားမရှိတာကြောင့် ရုံဝင်ငွေမှာထိခိုက်သွားတာပါပဲ။ နောက်တစ်ချက်က အချို့အချို့သော DC Fan တွေပါ။ DC Fan တွေက အခုထိ Zack ကို မျှော်ပြီး James Gunn ရဲ့ Universe ကို Boycott လုပ်တာနဲ့ ကြားထဲက ကြည့်မယ်သူတွေလည်း ကြောင်ပျောက်သွားရပါတယ်။ (ဒီလိုပြောလို့ ကျွန်တော်တို့ Snyder ကို

Loading

Read more
မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ် ။ ဘာနာဒို ရဲ့ စာချုပ်သစ်ထဲမှာ အခု ရာသီအကုန်မှာ ပေါင် သန်း ၅၀ နဲ့ စာချုပ် ဖျက်သိမ်း နိုင်တယ်ဆိုတဲ့ အချက်ပါရှိပါတယ် ။ ဘာနာဒို ဟာ မန်စီးတီး အသင်းရဲ့ အခုနှစ် ဘောလုံးရာသီအတွက် အသင်းခေါင်းဆောင် တစ်ယောက်အဖြစ်လည်း ရွေးချယ် ခံခဲ့ရပါတယ် ။ စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်ကာ ၊ ကယ်ဗင် ဒီဘရိုင်းနား ၊ ရိုဒရီ နဲ့ ရူဘင်ဒီယာ့စ် တို့ဟာလည်း ကပ္ပတိန် ၅ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့ကြပါတယ် ။ Source : Goal.com ၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့

Loading

Read more
1 15 16 17 18 19 20