ဒဏ်ရာက ပြန်လာပြီးနောက် ပထမဆုံးပွဲမှာ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်း အပေါ် ပက်ဂွာဒီယိုလာရဲ့ မှတ်ချက်

မန်စီးတီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းဟာ မနေ့ညက ကစားသွားတဲ့ ဟက်ဒါစ်ဖီးလ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ကာလရှည် တံကောက်ကြော ဒဏ်ရာကပြန်လာအပြီး ပထမဆုံးအကြိမ် လူစားဝင်ခွင့်ကို စတင်ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယမ် စူပါစတားဟာ ဒဏ်ရာကပြန်လာလာချင်းမှာပဲ စီးတီးအတွက် ချက်ချင်းဆိုသလို တစ်ဂိုး စတင် ဖန်တီးပေးသွားပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စီးတီး နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာက ဒီဘရိုင်း ပြန်လာနိုင်လို့ ဘယ်လောက်ထိ ဝမ်းမြောက်နေလဲ ဆိုတာ အခုလိုပဲမှတ်ချက်ပေးသွားပါတယ်။

Loading

Read more