ခြေစွမ်းနုံချာခဲ့တဲ့ ရိစ်ဂျိမ်းစ် အပေါ် ထုတ်နုတ်ဝေဖန်သွားတဲ့ အလန်ရှီးယား

ချဲလ်ဆီးအသင်းဟာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းတစ်သင်းစာလောက် ဒဏ်ရာရနေပြီး ၊ လူမစုံတဲ့ နယူးကာဆယ်ကို ဒုတိယပိုင်းအတွင်း ပေးခဲ့ရတဲ့ခံစစ်အမှားတွေက ဂိုးတွေနဲ့ ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲရှုံးခဲ့ရပါတယ် ။ပထမပိုင်းမှာလည်း ချဲလ်ဆီးဟာ အိမ်ရှင်ဖက်ကို စောစောစီးစီး အဖွင့်ဂိုးပေးခဲ့ရပေမဲ့ ၊ ရာဟင်း စတာလင်ရဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုးကြောင့် ပွဲကိုပြန်လည်ထိန်းချုပ်ခွင့်ရခဲ့ပါတယ် ။ သို့ပေမဲ့ ဒုတိယပိုင်း ပြန်စတဲ့အခါ ခြင်္သေ့ပြာတို့ရဲ့ ကစားပုံနဲ့ ခြေစွမ်းက လုံးလုံး ထိုးဆင်းသွားခဲ့ပါတယ် ။

Loading

Read more