jdbKX စျေးဟောင်းမှာရှိကြတယ် (စဆုံး)

စျေးဟောင်းမှာရှိကြတယ်(စ-ဆုံး)

ဖြစ်ရပ်မှန် သီရိမင်္ဂလာစျေး (ယခင်စျေးဟောင်း)ဆိုတာ အနယ်နယ်အရပ်ရပ်က ကုန်သည်တွေ၊ ရောင်းသူ၊ ဝယ်သူတွေစသည်တို့ဖြင့် စည်ကားလွန်းလှသည်။ ထိုမျှမကသေး။ တောင်းရမ်းစားသောက်သူတွေကလည်း ထိုစျေးကြီးထဲတွင် နေရာတစ်နေရာကိုအထိုင်ချကာ တောင်းရမ်းစားသောက်ကြသည်။ညအိပ်တော့လည်း ထိုနေရာတွင်သာ ပုဆိုးစုတ်၊ ဖျာစုတ်စသည်တို့ကိုခင်းပြီးအိပ်တတ်ကြသည်။ သည်တော့ လူတွေစုံလျှင် စရိုက်တွေလည်းစုံကြသည်မဟုတ်လား။ ရန်ပွဲတွေ၊ လူသတ်မှုတွေကလည်း ထူပြောများပြားလွန်းလှသည်။ တစ်ဖန် လာရောက်တောင်းရမ်းစားသောက်သူတွေထဲမှ ရောဂါသည်တွေလည်းပါဝင်ပြီး ထိုလူတွေမှာလည်း ရောဂါကြောင့်ထိုနေရာ၌ပင်သေဆုံးခဲ့လျှင် အနားမှစျေးသည်တွေက လူမှုကူညီရေးကိုလှမ်းဆက်သွယ်ရသည်။

Loading

Read more