“ပတ်ဒရို”ကို “မွေးရာပါ ဒိုင်ဗင်ပစ်သူ”လို့ ခေါင်းစဉ်တပ် စွပ်စွဲသွားတဲ့ မော်ရင်ညို

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကစားသွားတဲ့ ရောမဒါဘီ လာဇီယို – ရိုးမား ပွဲဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ် ။ ဒီပွဲဟာ ချဲလ်ဆီး နည်းပြဟောင်း ၂-ဦး ဖြစ်တဲ့ မော်ရစ်ဇီယို ဆာရီနဲ့ ဟိုဆေး မော်ရင်ညိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။ တိုက်စစ်အသားပေးကစားတာ နှစ်သက်တဲ့ ဆာရီရဲ့ လာဇီယိုနဲ့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ချဉ်းကပ်တတ်တဲ့ Special One မော်ရင်ညိုရဲ့ ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံမှုက သရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့တာ မျှတမှုရှိခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ညိုက ဆာရီနဲ့ သူ့အကြားက ဆက်ဆံရေးကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။

Loading

Read more